ဒီဇယ်ကန်မှဆီသယ်ကားသို့ ဒီဇယ်ဖြည့်ရာမှမီးလောင်မှုဖြစ်


ရန်ကုန် ဖေဖော်ဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန် ကနောင်မင်းသားကြီးလမ်း အမှတ်(၁) ရှိDENKO ဆီသိုလှောင်ဖြန့်ဖြူးရေး ဌာနအတွင်း ယနေ့ညနေ ၃ နာရီ မိနစ် ၄ဝ ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုသတင်းကိုမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ညနေ ၃ နာရီ ၄၂ မိနစ်တွင် သတင်းစတင် ရရှိခဲ့ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ညွှန်ကြားရေးမှူး ဦးကျော်သူရ ဦးဆောင်သော မီးသတ် တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ပေးခဲ့သည်။

မီးလောင်ရခြင်းအကြောင်းရင်းမှာ ဆီသိုလှောင်ကန်မှဆီသယ်ကားဆီသို့ ဒီဇယ်များ ပို့လွှတ်ရာမှ ကားတွင်ပါရှိသော မြေစိုက်ကြိုးနှင့် ချိတ်ဆက်မှုပြုရာ၌ ပုံသဏ္ဌာန်မမှန်သော ဘက်ထရီကလစ်ကို အသုံးပြုခြင်းကြောင့် တည်ငြိမ်လျှပ်စစ်ဖြစ်ပေါ်ကာ ဆီလွှတ်ပိုက်ခေါင်းသို့ မီးကူးစက်လောင်ရခြင်း ဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

မီးလောင်ရာသို့ မီးငြှိမ်းသတ်ရေးယာဉ် ၂၄ စီးနှင့်အတူ သန္ဓေမီးသတ်တပ်ဖွဲ့ ဝင် ၁၆ဝ ကျော်၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၉ဝ ကျော်တို့ ငြှိမ်းသတ်မှုကြောင့် ညနေ ၃ နာရီ ၅၃ မိနစ်တွင် မီးငြိမ်း သွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်တွင် ဆီပန့်ကိုင်ဝန်ထမ်း ဟိန်းမင်းထက်(၂၃ နှစ်)မှာ ညာဘက်လက် မီးဟပ် ခံရမှုကြောင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရပြီး ဝန်ထမ်း မျိုးသက်ပိုင်(၂၃ နှစ်)မှာ ကျောဘက် မီးဟပ်ခံရခြင်းကြောင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသမှုခံယူနေရ(မစိုးရိမ်ရ)ကြောင်း သိရသည်။

မီးလောင်ရာနေရာ၌ ဂါလန် ၂ဝဝဝဝ ဆံ့ ဆီသိုလှောင်ကန်များရှိသော်လည်း ကြိုးပမ်း ဆောင်ရွက် ငြှိမ်းသတ်မှုကြောင့် ဆုံးရှုံးမှုအနည်းငယ်သာရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။ မီးလောင်မှုကြောင့် တာဝန်ရှိသူအား စစ်ဆေးနေဆဲဖြစ်ကြောင်း သိရ သည်။

သတင်း-ကိုကြီးတင်၊ ဓာတ်ပုံ-သန်းထိုက်(လှိုင်သာယာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဒီဇယ်ကန်မှဆီသယ်ကားသို့ ဒီဇယ်ဖြည့်ရာမှမီးလောင်မှုဖြစ်  ဒီဇယ်ကန်မှဆီသယ်ကားသို့ ဒီဇယ်ဖြည့်ရာမှမီးလောင်မှုဖြစ် Reviewed by THITHTOOLWIN on 08:51 Rating: 5
Powered by Blogger.