လူသတ်ပြီး မြစ်ထဲပစ်ချသူဟု သံသယရှိသူ၂ဦးကိုဖမ်းမိ


စပိန်နိုင်ငံသား မစ်စတာ ဒေးဗစ် ဗားနတ်ကို သတ်ပြီး အပိုင်းပိုင်းကာ ကျောက်ဖယား မြစ်ချောင်းထဲသို့လွတ်ပစ်သူဟု သံသယရှိသူ ၂ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ထိုင်းအမျိုးသမီးတစ်ဦးနှင့် စပိန်နိုင်ငံသားတစ်ဦးဖြစ်ပါတယ်။

ထိုင်းအမျိုးသမီးတဦး မစ်ပရစ်စနာဆိုသူကို ဖေဖော်ဝါရီလ ၆ရက်နေ့ မှာ ဖမ်းဆီးရမိပြီး စပိန်နိုင်ငံသား
မစ်စတာ အာတွန် စေကရာ ဆိုသူကိုတော့ မနေ့ ဖေဖော်ဝါရီလ ၇ရက်နေ့ည ၁၁နာရီ ၄၅မိနစ်လောက်မှာ
ကမ္ဘေားဒီးယားရဲတပ်ဖွဲ့က ကမ္ဘောဒီးယားနိုင်ငံ ကော့ကုန်ကျွန်းမှာ ဖမ်းဆီးရမိပါတယ်။

 ယနေ့ဖေဖော်ဝါရီ ၈ရက်နေ့ နံနက် ၈နာရီခွဲလောက်တွင် ထိုင်းရဲမှူးချုပ် မစ်စတာကျတ်ကထစ် ချိုင်ကျင်ဒါနဲ့အဖွဲ့က ရဲတပ်ဖွဲ့ရဟတ်ယာဉ်ဖြင့် သွားရောက်ကြိုဆိုပြီး ဘန်ကောက်မှာ ပြန်လာစစ်ဆေးမေးမြန်းသွားမှာဖြစ်ပါတယ်။

 ဤအမှု၏အဆုံးသတ် ဘယ်လိုလာမလဲဆိုတာကို နိုင်ငံတကာက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေသောအမှုဖြစ်ပါတယ်။

MTF Channel
https://www.facebook.com/mtftv
လူသတ်ပြီး မြစ်ထဲပစ်ချသူဟု သံသယရှိသူ၂ဦးကိုဖမ်းမိ   လူသတ်ပြီး မြစ်ထဲပစ်ချသူဟု သံသယရှိသူ၂ဦးကိုဖမ်းမိ Reviewed by THITHTOOLWIN on 23:08 Rating: 5
Powered by Blogger.