ယာဉ်ထိန်းရဲ အချက်ပြမှု မလိုက်နာဘဲ မောင်းထွက်ရာမှ ယာဉ်တိုက်မှုဖြစ်ပွား၊ ဆိုင်ကယ် ၅ စီး ပျက်စီး


မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းနှင့် ၆၈-လမ်းဆုံတွင် ဖေဖေါ်ဝါရီ ၁၅ ရက်၊ နံနက် ၉ နာရီခွဲခန့်က ဆိုင်ကယ်တစ်စီးသည် ယာဉ်ထိန်းရဲအချက်ပြမှုကို မလိုက်နာဘဲ ဖေါက်ထွက်မောင်းနှင်ခြင်းနှင့် တဘက်မှ အရှိန်ဖြင့် မောင်းလာသော Hilux Surf ကားတို့ကြောင့် လမ်းဆုံမှ ဆိုင်ကယ်များအား တိုက်မိ၍ ဆိုင်ကယ် ၅ စီး ပျက်စီးကာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၆၈ လမ်းအတိုင်း တောင်မှမြောက်သို့ မောင်မင်းထက်ပိုင် မောင်းနှင်ပြီး ချစ်ဝင်းမှ နောက် တွင်ထိုင်လိုက်လာသည့် (၄၆ယ/၅၈၁၄၁ ) ဆိုင်ကယ်သည် တာဝန်ကျယာဉ်ထိန်းမှ ယာဉ်ကြောရှင်း အချက်ပြနေသည်ကို မလိုက်နာဘဲ ဖေါက်ထွက်မောင်းနှင်ရာ သိပ္ပံလမ်းအတိုင်း အရှေ့မှအနောက်သို့ ဦးမိုးဇော်ထွန်း (၄၄-နှစ်) မောင်းနှင်လာသည့် တိုယိုတာ Hilux Surf ခဲရောင် (7G /7825) ယာဉ်တို့တိုက်မိခဲ့သည်။


ထို့နောက် ဟိုင်းလတ်ယာဉ်သည် လမ်းဘေးတွင် အချက်ပြကို ရပ်စောင့်နေကြသည့် မမွန်မြတ်သူ မောင်း နှင်လာသည့် စူပါကပ်အစိမ်းရောင်၊ ကိုသန်းစိုးထက် မောင်းလာသည့် ဆိုင်ကလုံးဆိုင်ကယ်၊ ဦးထွန်းထွန်းဝင်း မောင်းလာသည့် ဟွန်ဒါကလစ်ဆိုင်ကယ်၊ ကိုဇော်ထက်မောင်းလာသည့် ဆန်ဘိုစတားဆိုင်ကယ်တို့ကို တိုက်မိရာမှ ဆိုင်ကယ် ၅ စီး ပျက်စီးခဲ့သည်။

ယာဉ်ထိန်းရဲ၏ လမ်းအချက်ပြ မလိုက်နာသော ၄၆ယ/၅၈၁၄၁ ဆိုင်ကယ်မောင်းသူ မောင်မင်းထက်ပိုင် (၂၀ နှစ်)နှင့် Toyota Hilux Surf ခဲရောင် (7G /7825) ယာဉ်ကို အရှိန်ပြင်းစွာ မောင်းနှင်သူ ဦးမိုးဇော်ထွန်း (၄၄-နှစ်) တို့ကို ယာဉ်(ပ) ၉/၂၀၁၆ ပုဒ်မ ၂၇၉/ ၃၃၇/၃၃၈ တို့ဖြင့် အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
ယာဉ်ထိန်းရဲ အချက်ပြမှု မလိုက်နာဘဲ မောင်းထွက်ရာမှ ယာဉ်တိုက်မှုဖြစ်ပွား၊ ဆိုင်ကယ် ၅ စီး ပျက်စီး  ယာဉ်ထိန်းရဲ အချက်ပြမှု မလိုက်နာဘဲ မောင်းထွက်ရာမှ ယာဉ်တိုက်မှုဖြစ်ပွား၊ ဆိုင်ကယ် ၅ စီး ပျက်စီး Reviewed by THITHTOOLWIN on 20:44 Rating: 5
Powered by Blogger.