ဒီဇယ်၊ ဓာတ်ဆီ တရားမဝင်ရောင်းချရာမှ မီးလောင်မှုဖြစ်ပွား


ဘားအံ ဖေဖော်ဝါရီ ၁၅

ကရင်ပြည်နယ်ဘားအံမြို့ လှာကာ ကျေးရွာအုပ်စု ဇရပ်ဖြူကျေးရွာ၌ တန်(၄ဝဝဝ) ဘိလပ်မြေစက်ရုံ အဝင်လမ်းရှိ လေးခန်းတွဲဆိုင်ခန်းတွင် ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က ဓာတ်ဆီရောင်းချ လျက်ရှိသော လူနေအိမ်ဆိုင်ခန်းတွင် ဆီရောင်းချနေစဉ် မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းရခြင်းနှင့်ပတ်သက်၍ မြိုင်ကလေးရဲကင်းစခန်းမှူးရဲအုပ်ဝင်းနိုင်ကစစ်ဆေးခဲ့ရာ ရန်အောင်(ခ)မဲကြီး၏ မိသားစုနှင့်အတူနေထိုင်သည့်(၁ဝx၂ဝ)ပေရှိ လူနေဈေးဆိုင် ခန်းတွင် ရောင်းချရန်ထားရှိသော ဓာတ်ဆီတိုင်ကီထဲမှ ဓာတ်ဆီအား ပလတ်စတစ်ပုံးအတွင်း ပြောင်းထည့် စဉ်ရုတ်တရက်မီးထလောင်၍အနီးရှိ ဓာတ်ဆီတိုင်ကီသုံးလုံးနှင့် နေအိမ် ဆိုင်ခန်းအား စတင်မီးစွဲလောင်ကျွမ်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဆိုင်ခန်းဝဲဘက် ရှိ ကုန်စုံဆိုင် တစ်ဆိုင်၊ ယာဘက်ကပ် လျက်ရှိသည့်သွပ်မိုး၊ ကွန်ကရစ်ခင်း လူနေထိုင်ခြင်းမရှိသော ဆိုင်ခန်း သုံးခန်းနှင့် (၁ဝx၁၅)ပေခန့်ရှိရုံးခန်း တို့အား မီးကူးစက်လောင်ကျွမ်းခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရန်အောင် (ခ) မဲကြီးအား ဘားအံမြို့မရဲစခန်း က အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

ထွန်းထွန်းထွေး(ဘားအံ)

The Mirror Daily
https://www.facebook.com/TheMirrorDaily

ဒီဇယ်၊ ဓာတ်ဆီ တရားမဝင်ရောင်းချရာမှ မီးလောင်မှုဖြစ်ပွား  ဒီဇယ်၊ ဓာတ်ဆီ တရားမဝင်ရောင်းချရာမှ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 07:38 Rating: 5
Powered by Blogger.