လယ်ဝေးမြို့အနီး တပ်မတော်လေယာဉ် တစ်စီး ပျက်ကျ


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀

၂၀၁၆ ခုနှစ်၊ ဖေဖ်ာဝါရီလ (၁၀) ရက် နံနက် (၉) နာရီ (၄၁)မိနစ်အချိန်ခန့်တွင် လယ်ဝေးမြို့နယ်ရွှေပြည်သာ ကျေးရွာ အုပ်စု၊ ကြံခင်းကျေးရွာ တောင်ဘက် မတ်ပဲစိုက်ခင်းအတွင်း တပ်မတော် လေယာဉ် B 1900 ပျက်ကျခဲ့ပြီး မီးလောင် ကျွမ်းသွားခဲ့ရာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ဗိုလ်မှူး(၁)ဦး ၊ ဗိုလ်ကြီး(၂)ဦး၊ ဒုတပ်ကြပ်(၂) ဦး အနက် ဒုတပ်ကြပ်တစ်ဦးသာ အသက်ရှင်လျက်တွေ့ရရှိရပြီး ကျန် (၄) ဦးမှာ အခင်းဖြစ်ပွားသည့် နေရာတွင် သေဆုံးသွားကြောင်းသိရသည်။


အသက်ရှင်လျက်ကျန်ရှိသူ ဒုတပ်ကြပ် တစ်ဦးအား တပ်မတော်စစ်ဆေးရုံသို့ ပို့ဆောင်ကုသလျက် ရှိကြောင်းနှင့် မီးလောင်နေသည့် လေယာဉ်အား မီးသတ်ယာဉ်(၃)စီးဖြင့် မီးငြိမ်းသတ်ခဲ့ကြောင်း ကနဦးသတင်းရရှိသည်။

နေပြည်တော် ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
လယ်ဝေးမြို့အနီး တပ်မတော်လေယာဉ် တစ်စီး ပျက်ကျ  လယ်ဝေးမြို့အနီး တပ်မတော်လေယာဉ် တစ်စီး ပျက်ကျ Reviewed by THITHTOOLWIN on 11:45 Rating: 5
Powered by Blogger.