ဝေါမြို့ နယ်ပိုင် ကျိုက်လှကျေးရွာအနီးတွင် အရှိန်လွန်ယာဉ် သုံးဘီးဆိုင်ကယ်အား ၀င်တိုက်မိ၍ လူသုံးဦးသေဆုံး
ဝေါ၊ဖေဖေါ်ဝါရီ(၁၇)
ပဲခူးတိုင်းဒေသကြီး ဝေါမြို့ နယ်ပိုင် ကျိုက်လှကျေးရွာအနီးတွင် ဖေဖေါ်ဝါရီ(၁၇)ရက်နေ့  နံနက်(၅)နာရီ
အချိန်ခန့် က လမ်းဘေးချရပ်ထားသော သုံးဘီးဆိုင်ကယ်အား ကားတစ်စီးမှ ၀င်တိုက်မိ၍ လူ(၃)ဦးသေ
ဆုံးခဲ့ ကြောင်း ကျိုက်လှကျေးရွာသား တစ်ဦးထံက သတင်းရရှိသည်။
ဝေါမြို့  ကန်တော်ရပ်ကွက်နေ ယာဉ်မောင်း ကိုကိုကျော်(ခ)ကိုနေဆိုသူမှာ မှာယာဉ်အမှတ်၂ဟ/၅၆၈၃
သုံးဘီးဆိုင်ကယ်အား ဘုရားကြီးမြို့ မှ ဝေါမြို့ ဘက်သို့ အိမ်ဆောက်ရန်သစ်များနှင့် လူသုံးဦးတင်ဆောင်
ပြီးမောင်းနှင်လာစဉ် ဆိုင်ကယ်ရေတိုင်ကီ ရေဆူလာသဖြင့် ကားလမ်းဘေးမြေနီလမ်းပေါ်၌ ရေလဲရန်
ခေတ္တရပ်နားစဉ် ရန်ကုန်ဘက်မှ သိမ်ဇရပ်ဘက်သို့ ယာဉ်မောင်းကိုကျော်ကျော် ရန်ကုန်ဗိုလ်တစ်ထောင်မြို့
နေသူမောင်းနှင်လာသည့် ယာဉ်အမှတ် CC/8171 ယာဉ်မှာ လားရာတူ ရှေ့မှယာဉ်တစ်စီးအားကျော်
တက်ချိန် မျက်နှာခြင်းဆိုင် တစ်ဘက်ယာဉ်ကြောမှ ယာဉ်တစ်စီး မောင်းနှင်လာသဖြင့် မလွတ်၍ ကျော်
တက်နေသည့် ယာဉ်နောက်ဘက်သို့ ပြန်လည်ဝင်ရောက် ရှောင်တိမ်းရာ ယာဉ်မှာအရှိန်မထိန်းနိုင်ဘဲ
များအရသိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်အမှတ်CC/8171 CALDINA အမျိုးအစား အနက်ရောင်ယာဉ်ပေါ်မှ
ယာဉ်မောင်းအမျိုးသားနှင့် ယာဉ်ပေါ်ပါခရီးသည် အမျိုးသား(၂)ဦး ၊ ပေါင်း(၃)ဦး အခင်းဖြစ်နေရာတွင် သေ
ဆုံးခဲ့ ကြောင်း ယာဉ်ပေါ်ပါ ကျန်အမျိုးသား(၂)ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ ကြောင်း သိရှိရပြီး
ယာဉ်တိုက်မှုအား ဝေါမြို့ မရဲစခန်းမှ ယာဉ်(ပ)၉/၂၀၁၆ ပြစ်မှု ပုဒ်မ၃၀၄-က /၃၃၇ /၃၃၈ ဖြင့် ယာဉ်မဆင်
မခြင်မောင်းနှင်သူ ကိုကျော်ကျော်ဆိုသူအား အမှုဖွင့်လှစ်အရေးယူထားကြောင်း သိရှိရသည်။
Waw Media
https://www.facebook.com/Waw-Media-Page
ဝေါမြို့ နယ်ပိုင် ကျိုက်လှကျေးရွာအနီးတွင် အရှိန်လွန်ယာဉ် သုံးဘီးဆိုင်ကယ်အား ၀င်တိုက်မိ၍ လူသုံးဦးသေဆုံး  ဝေါမြို့ နယ်ပိုင် ကျိုက်လှကျေးရွာအနီးတွင် အရှိန်လွန်ယာဉ်  သုံးဘီးဆိုင်ကယ်အား ၀င်တိုက်မိ၍ လူသုံးဦးသေဆုံး Reviewed by THITHTOOLWIN on 22:57 Rating: 5
Powered by Blogger.