ပုလောမြို့ ကျောက္ကာ ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား


ပုလော ဖေဖော်ဝါရီ ၁၃ ရက်

တနင်္သာရီ တိုင်းဒေသကြီး ပုလောမြို့ ကျောက္ကာ ကျေးရွာတွင် ဖေဖော်ဝါရီလ (၁၃)ရက် နံနက်(၉) နာရီခန့်က အမှတ်(၂) ရပ်ကွက် ဦးသန်းနိုင် နေအိမ်မှ မီးစတင် လောင်ကျွမ်းလျက် ရှိကြောင်း သိရသည်။

အဆိုပါ ကျောက္ကာ ကျေးရွာတွင် အိမ်ခြေ(၇၀၀) ခန့်ရှိကြောင်း၊ မီးလောင်မှု အား ကျေးရွာ ပြည်သူများ ၀ိုင်းဝန်း ငြိမ်းသတ်လျက် ရှိကြောင်း၊ ၄င်းမီးလောင် ရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန် ရှိသူများမှ သွားရောက်ခဲ့ရာ ၄င်းကျေးရွာ သည် ရေပတ်လည် ၀ိုင်းလျက် ရှိသော ကျွန်းရွာ ဖြစ်သဖြင့် ကယ်ဆယ်ရေး သွားရောက်ခဲ့ကြသူများ အားလုံး ရေကျနေသဖြင့် ကမ်းကပ် ၍ မရဖြစ်နေကြောင်း သိရသည်။

အဆိုပါမီးလောင်မှုမှာ ၀ါယာကြိုးရှော့ ဖြစ်၍ လောင်ကျွမ်းခြင်း ဖြစ်ကြောင်း၊ မီးလောင်ကျွမ်းလျက်ရှိ သော အိမ်များအား ၀ိုင်းးဝန်း ငြိမ်းသတ်နိုင်ခြင်း မရှိသေးကြောင်း၊ မီးလောင်မှုကြောင့် စာသင်ကျောင်း မီးလောင်ကျွမ်း ခဲ့ပြီး နေ့လည် ၁ နာရီ ၁၁ မိနစ်အချိန်ထိ မီးဆက် လက် လောင်ကျွမ်း လျက်ရှိကြောင်း၊ ကျေးရွာ ပြည်သူများမှာ ရေထဲ လှေထဲသို့ ပြောင်းရွေ့ နေထိုင် လျက် ရှိကြောင်း ကနဦးသတင်းရရှိသည်။

ခရိုင်/ပြန်ဆက် (မြိတ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

ပုလောမြို့ ကျောက္ကာ ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား  ပုလောမြို့ ကျောက္ကာ ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.