လူထုအခြပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ တိုက်ခိုက်ခံရ


ဘိန်းခင်းများကို သွားရောက် ဖျက်ဆီးသည့် လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှာ ဆဒုံးကျေးရွာအကျော် မဂါးကျေးရွာတွင် ယနေ့ ဖေဖော်ဝါရီ ၂၅ရက်နေ့မနက် ၉ နာရီခွဲအချိန်ခန့်တွင် ဗုံးပေါက်ကွဲမှုကြောင့် Pajasan အဖွဲ့မှ အယောက် ၂၀ခန့်ဒဏ်ရာရရှိခဲ့သည်။

၎င်းတို့အဖွဲ့အား ယခုကဲ့သို့ တိုက်ခိုက်သူများမှာ ပြည်သူ့စစ်များ၊ ဘိန်းခင်းပိုင်ရှင်များ နှင့် ကြေးစားများလည်း ဖြစ်နိုင်သည်ဟု Patjasan အဖွဲ့မှ သုံးသပ်ပြောဆိုသည်။

လူထုအခြေပြုမူးယစ်တိုက်ဖျက်ရေးအဖွဲ့ Pajasan အား လက်နက်ကြီးဖြင့်ပစ်ခြင်း၊ လက်ပစ်ဗုံးဖြင့်ပစ်ခြင်းဖြင့် တိုက်ခိုက်ခံရသော်လည်း လုံခြုံရေးလိုက်ပါလာသည့် ရဲများမှလည်း မိုင်းသံကြားသဖြင့် ထွက်ပြေးသွားကြောင်း လူထုအခြေပြုမူးယစ်တိုက်ဖျက်ရေးအဖွဲ့မှ ဆိုသည်။

ဖေဖော်ဝါရီ ၂၃ရက်နေ့ ညနေပိုင်းတွင် ဘိန်းခင်းဖျက်ဆီးရန် ထွက်ခွာသွားသည့် Pajasan အဖွဲ့မှာ မဂါးကျေးရွာ တွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

Kachinwaves
https://www.facebook.com/kachinwavesnews
လူထုအခြပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ တိုက်ခိုက်ခံရ  လူထုအခြပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ တိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 11:51 Rating: 5
Powered by Blogger.