ထိုင်းနိုင်ငံတောင်ပိုင်းရှိကာဘူရီ နယ်မြေတောတွင်းတစ်နေရာ၌ ထိုင်း စစ်တပ်မှ တရားမဝင် ဝင်ရောက်လာ သည့် မြန်မာအလုပ်သမား ၃၅ဦး ကို ယမန်နေ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ (Myanmar Association Thailand)မှပြည်ထောင်စု နေ့စဉ်သို့ ဆက်သွယ်ပြောကြား သည်။
ဖြစ်စဉ်မှာ မြန်မာနိုင်ငံ ကော့ သောင်းခရိုင် ခမောက်ကြီးမြို့နယ် ဆိပ်ဖူးနှင့် အောင်ချမ်းသာရွာ အခြေစိုက် မြန်မာလူကုန်ကူးဂိုဏ်း မှတစ်ဆင့် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီ အခြေစိုက် မြန်မာလူ ကုန်ကူးဂိုဏ်းနှင့် လူကုန်ကူးသူ များထံသို့ မြန်မာအမျိုးသမီးခုနစ် ဦးနှင့် အမျိုးသား၂၈ ဦးတို့အား ဆက်သွယ်တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး အလုပ်သမားတစ်ဦးလျှင် ဘတ်ငွေ ၇ဝဝဝ မှ ၁၅ဝဝဝ အထိ လူကုန်ကူးသူများအား ပေးခဲ့ရ ကြောင်းဖြင့် အလုပ်သမားများ၏ ပြောချက်အား ထိုင်းနိုင်ငံရှိ နေ့စဉ် ထုတ် ဒေးလီးမေးလ်သတင်းစာမှ ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံ၌ ပန်းရောင်ဘတ် ကတ်ပြုလုပ်ပေးမည်ကိုအကြောင်း ပြ၍ မြန်မာလူကုန်ကူးဂိုဏ်းများ က ထိုင်းနိုင်ငံသို့လာရောက် အလုပ် လုပ်ကိုင်လိုကြသည့် မြန်မာလူငယ် များအား စုဆောင်းခေါ်ဆောင်နေ ကြသဖြင့် ထိုင်းစစ်တပ်က သတိ ထားစောင့်ကြည့်နေခိုက် သတင်း စုံစမ်းရရှိခဲ့သောကြောင် ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အလုပ် သမားများမှာ စစ်တပ်စစ်ဆေးရေး ဂိတ်ကို ရှောင်ကွင်းသည့်အနေဖြင့် တောထဲ၌ လမ်းလျှောက်နေစဉ် ထိုင်းစစ်တပ်မှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး လူကုန်ကူးသည့် ဂိုဏ်းသား များအား ဖမ်းဆီးရမိခဲ့ခြင်းမရှိ ကြောင်း၊ မြန်မာအလုပ်သမားများ ၏ ထွက်ဆိုချက်အရ ထိုင်းနိုင်ငံ တောင်ပိုင်းသို့ သွားရောက်အလုပ် လုပ်ကိုင်ကြမည်ဟု သိရကြောင်း သတင်းမှဖော်ပြထားသည်။
မောင်စိန်ဝင်း
The Union Daily
http://uniondaily.net
ထိုင်းနိုင်ငံ တောတွင်းတစ်နေရာတွင်တရားမဝင်ဝင်ရောက်လာ သည့် မြန်မာအလုပ်သမားများအား ထိုင်းစစ်တပ်ဖမ်းဆီး
Reviewed by THITHTOOLWIN
on
17:25
Rating: