ရှာဖွေရေး လုပ်ငန်းများ ပြီးဆုံးချိန်၌ ထိုင်ဝမ် ငလျင်ကြောင့် သေဆုံးသူ ၁၁၆ ဦးရှိ

ငလျင် လှုပ်ခတ်မှုကြောင့် ပြိုကျ သွားသည့် ဝေကွမ်း အဆောက်အအုံအား တွေ့ရစဉ် (ဆင်ဟွာ)
    တိုင်ပေ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

    ထိုင်ဝမ်ဒေသ တောင်ပိုင်း တိုင်နန်မြို့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သေဆုံးသူ ဦးရေသည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ၁၁၆ ဦး ရှိပြီး ပျောက်ဆုံးသူ အရေအတွက် ပြည့်သွားပြီ ဖြစ်သောကြောင့် ကယ်ဆယ် ရှာဖွေရေး လုပ်ငန်းများ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သိရသည်။

တိုင်နန်မြို့သည် ငလျင်ဒဏ်ကို ခံစားခဲ့ရပြီး ၁၉၉၂ ခုနှစ် က ဆောက်လုပ်ခဲ့သော ၁၆ ထပ် ရှိသည့် ယူ-ပုံ သဏ္ဍာန် ဝေကွမ်း အဆောက်အအုံသည် ငလျင်ကြောင့် လမ်းပေါ်သို့ ပြိုကျခဲ့ကာ အဆောက်အအုံ အတွင်းမှ ဆွဲထုတ်နိုင်ခဲ့သည့် လူပေါင်း ၂၈၉ ယောက်အနက် ၁၁၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေလယ် ၃ နာရီတွင် နောက်ဆုံး ပျောက်ဆုံးနေသည့် ရုပ်အလောင်းအား ကယ်ဆယ်ရေး သမားများမှ ဆွဲထုတ်နိုင်ခဲ့ ပြီးနောက် တိုင်နန် မြို့တော်ဝန်က ပျောက်ဆုံးသူ အရေအတွက် ပြည့်သွားပြီ ဖြစ်သောကြောင့် ကယ်ဆယ် ရှာဖွေရေး လုပ်ငန်းများ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ရှာဖွေရေး လုပ်ငန်းများ ပြီးဆုံးချိန်၌ ထိုင်ဝမ် ငလျင်ကြောင့် သေဆုံးသူ ၁၁၆ ဦးရှိ  ရှာဖွေရေး လုပ်ငန်းများ ပြီးဆုံးချိန်၌ ထိုင်ဝမ် ငလျင်ကြောင့် သေဆုံးသူ ၁၁၆ ဦးရှိ Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.