‘မကွေးတိုင်းဒေသကြီး၌ ကြိုတင်ပေါက်ကြားနေသည်ဆိုသော ၈ တန်းသမိုင်းမေးခွန်း’



မေးခွန်းပေါက်သည်ဟုနာမည်ကြီးနေသည့်မကွေးတိုင်းဒေသကြီးတွင်မနက်ဖြန်ဖြေဆိုမည့်သမိုင်းဘာသာမေးခွန်းလွှာများ ဖေဖော်ဝါရီ ၁၈ ယနေ့ နေ့ လည် ၃ နာရီခန့် မှစတင်ပျံ့ နှံ့ နေပြီဖြစ်ကြောင်းနတ်မောက်မြို့နယ်မှ ကျောင်းဆရာဟောင်းတဦးဖြစ်သူ ဦးဌေးဝင်းက News Watch သို့ ပြောသည်။

ယခင်နေ့ များကမှန်ကန်ခဲ့သည့်မေးခွန်းကြိုပေါက်မှုအတွက်ယနေ့တွင် မေးခွန်းလိုက်သူများလည်း အထူးများပြားနေကာ မြို့ နယ်ကျေးရွာများပါမကျန် မိုဘိုင်းဖုန်းများဖြင့် ဆက်သွယ်ဖြန့်ဝေနေသည်ဟု ဆိုသည်။

သမိုင်းမေးခွန်းမှန်ကန်ခြင်းရှိမရှိအား မနက်ဖြန်ဖြေဆိုရမည့်မေးခွန်း ထွက်ပေါ်လာသည့်အခြေအနေအား စောင့်ကြည့်ရမည်ဖြစ်သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
‘မကွေးတိုင်းဒေသကြီး၌ ကြိုတင်ပေါက်ကြားနေသည်ဆိုသော ၈ တန်းသမိုင်းမေးခွန်း’  ‘မကွေးတိုင်းဒေသကြီး၌ ကြိုတင်ပေါက်ကြားနေသည်ဆိုသော ၈ တန်းသမိုင်းမေးခွန်း’ Reviewed by THITHTOOLWIN on 21:43 Rating: 5
Powered by Blogger.