ယမန်နေ့ ဖေဖော်ဝါရီလ ၉ရက်နေ့ မနက်အစောပိုင်း ဝေလီဝေလင်း အချိန်ခန့် တွင် ထိုင်းနိုင်ငံနခွန်းတလန်မြို့တွင်နေထိုင်သော စိတ်မနှံ့သူ အသက် ၃၁ နှစ်ခန့် ရှိလူရွယ်တစ်ဦးသည် ၀က်သားကင်မီးဖိုအတွင်းခုန်ချ၍ သေဆုံးနေခဲ့ပါတယ်။
၎င်းအသားကင်စက်ရုံမှာ အလုပ်လုပ်တဲ့ သူတွေရဲ့ပြောပြချက်အရ မနက်အစောပိုင်း ၀က်သားကင်ရန် ပြင်ဆင်နေချိန်မှာ အဆိုပါ အမျိုးသားဟာ မီးအားကောင်းလွန်းသော ၀က်ကင်ရန် ပြင်ဆင်ထားသောမီးဖိုထဲသို့  အရှိန်ပြင်းစွာ ပြေးဆင်းသွားတဲ့အတွက် မည်သူတစ်ဦး တစ်ယောက်မျှ တားဆီးနိုင်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။
အနီးအနားလူတွေ မီးဖိုအားရေဖျန်းပြီး အဆိုပါလူကို ကြည့်လိုက်တဲ့အခါမှာ မီးလောင်ကျွမ်းပြီး သေဆုံးနေပြီလို့ သိရပါတယ်။
ဝက်သားကင်စက်ရုံအနီးမှာ အိမ်ငှားနေသော သေဆုံးသူ၏ ဖခင်ပြောပြချက်အရ သေဆုံးသူဟာ တလန်ဆေးရုံမှာဆေးကုသမှုခံနေရတဲ့ စိတ်ဝေဒနာသည်တစ်ဦးဖြစ်ပြီး ညဘက်တွေမှာဆို မအိပ်ပဲ လျှောက်သွားနေတတ်တဲ့အတွက် ယခုလိုမီးဖိုထဲ ခုန်ချသေဆုံးရတဲ့အဖြစ် ရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။
MTF Channel
https://www.facebook.com/mtftv
စိတ်မနှံ့သူတစ်ဦး အသားကင်မီးဖိုထဲခုန်ချသေဆုံး
Reviewed by THITHTOOLWIN
on
19:54
Rating: