ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီး တို့ ရှိ မီးဘေး အန္တရာယ် ကြုံခဲ့ရသည့် ပြည်သူများ အတွက် လွှတ်တော် ကိုယ်စားလှယ်များ အားလုံး နေ့ တွက်စရိတ် တစ်ရက်စာ ထည့်ဝင် လှူဒါန်းသွားရန် ဆုံးဖြတ်

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပစဉ် (ဆင်ဟွာ)
    ရန်ကုန် ၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ)

    ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန် မြို့ နှင့် ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာ မြို့ တို့ တွင် မီးဘေး အန္တရာယ် ကြုံတွေ့ ခဲ့ရသည့် ပြည်သူများအတွက် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက စုပေါင်း လှူဒါန်းငွေ အဖြစ် ကိုယ်စားလှယ် တစ်ဦးလျှင် နေ့ တွက် စရိတ် တစ်ရက်စာ ၂ သောင်းစီ ပါဝင် လှူဒါန်းသွားရန် ယနေ့ ဖေဖော်ဝါရီလ ၈ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

ထိုသို့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ စုပေါင်း လှူဒါန်းငွေ အဖြစ် လှူဒါန်းနိုင်ရေး အတွက် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက အဆိုပြု တင်ပြခဲ့ပြီး လွှတ်တော်၏ သဘောဆန္ဒ ရယူရာတွင် သဘောတူသည့် အတွက် အဆိုပြုသည့် အတိုင်း ပါဝင် လှူဒါန်းနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန် မြို့ နှင့် ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာ မြို့ တို့ တွင် မီးဘေး အန္တရာယ် ကျရောက်ပြီး ပြည်သူ့ အချို့ အိုးအိမ်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ် ကြုံတွေ့ ခဲ့ရသည်။

ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာ မြို့နယ်တွင် လောင်ကျွမ်းခဲ့သော မီးကြောင့် လူဦးရေ ၇၆၀ ကျော် အိုးမဲ့ အိမ်မဲ့ဖြစ်ကာ ငွေကျပ် သန်း ၃၂၀ ကျော် ဆုံးရှုံးခဲ့ရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန် မြို့ တွင် လောင်ကျွမ်းခဲ့သော မီးကြောင့် နေအိမ်( ၂၀၉ )လုံးနှင့် ပစ္စည်းများ မီးလောင်ခံရပြီး ဆုံးရှုံးမှု တန်ဖိုး၂၆၅,၅၀၀,၀၀၀ ခန့်ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီး တို့ ရှိ မီးဘေး အန္တရာယ် ကြုံခဲ့ရသည့် ပြည်သူများ အတွက် လွှတ်တော် ကိုယ်စားလှယ်များ အားလုံး နေ့ တွက်စရိတ် တစ်ရက်စာ ထည့်ဝင် လှူဒါန်းသွားရန် ဆုံးဖြတ် ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီး တို့ ရှိ မီးဘေး အန္တရာယ် ကြုံခဲ့ရသည့် ပြည်သူများ အတွက် လွှတ်တော် ကိုယ်စားလှယ်များ အားလုံး နေ့ တွက်စရိတ် တစ်ရက်စာ ထည့်ဝင် လှူဒါန်းသွားရန် ဆုံးဖြတ် Reviewed by THITHTOOLWIN on 22:07 Rating: 5
Powered by Blogger.