ကန်ပိုင်တီ ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့များ စတင် ထွက်ခွာ

ဖေဖေါ်ဝါရီ ၂၃၊ ၂၀၁၆၊ အသင်းတော် ဂိုဏ်းပေါင်းစုံ ဆရာများ ဦးဆောင်ပြီး ကချင် လူထု ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့များ ကန်ပိုင်တီသို့ ထွက်ခွာရန် ပြင်ဆင်နေပုံ၊ ၀ါးရှောင်ဂိတ်၊ ၀ိုင်းမော်မြို့နယ်၊ ကချင်ပြည်နယ်
အစိုးရမှ တစ်ပတ်တိတိ တားဆီး ထားသော လူထု ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့သည် ၀ါးရှောင်ဂိတ်၊ ချီဖွေ-ဆဒုံး လမ်းခွမှ ကန်ပိုင်တီသို့ ယနေ့ မြန်မာစံတော်ချိန် ၂ နာရီမှ စတင် ထွက်ခွာနေပြီ ဖြစ်သည်။

ကချင် ခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များ ဆုတောင်းပြီး ဘိန်းခင်း ဧက ထောင်ပေါင်းများစွာ ရှိသော ကန်ပိုင်တီသို့ အင်အား ၄၀၀၀ ခန့်ရှိ ကချင်လူထု ဘိန်းခင်း တိုက်ဖျက်ရေးအဖွဲ့များ ထွက်ခွာသွားခြင်းဖြစ်သည်။ ၎င်းတို့ကို တခဲနက် အားပေးကြသော လူထု ထောင်ပေါင်း များစွာလည်း အတူ လိုက်ပို့ သွားနေပြီဖြစ်သည်။

ယခု အစီစဉ်တွင် မူးယစ်ဆေးဝါး (ဘိန်း) တိုက်ဖျက်ရေး အဖွဲ့ PJS ၀တ်စုံ ၀တ်ဆင်ခြင်းနှင့် အလံကိုင်ဆောင်ခြင်း မပြုဘဲ ရိုးရိုးအ၀တ်ဖြင့်သာ ချီတက်နေပြီဖြစ်သည်။

ကန်ပိုင်တီ ဘိန်းခင်းရှိရာဒေသနှင့် ယခု စတင်ထွက်ခွာရာ နေရာအတွင်း အစိုးရနှင့် နယ်ခြားစောင့်တပ် ဂိတ်များမှာ ၅ ခု ထက် မနည်းရှိနေသေးပါသည်။

အစိုးရက တရားဝင်ခွင့်ပြုခြင်း မရှိသော်လည်း “အကူညီ” ပေးသွားမည်ဟု ပြောထားကြောင်း PJS အဖွဲ့ ခေါင်းဆောင်များ ကချင်သတင်းဌာန KNG ကို ပြောပါသည်။

Kachinnews
http://burmese.kachinnews.com
ကန်ပိုင်တီ ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့များ စတင် ထွက်ခွာ ကန်ပိုင်တီ ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့များ စတင် ထွက်ခွာ Reviewed by THITHTOOLWIN on 17:18 Rating: 5
Powered by Blogger.