အခြေခံပညာအထက်တန်းကျောင်းခွဲ မီးလောင်ကျွမ်းမှုကြောင့် အဌမ တန်းစာမေးပွဲ အဖြေလွှာအချို့ပါ ပျက်စီးဆုံးရှုံးခဲ့


မန္တလေးခရိုင်းအတွင်း ဖေဖော်ဝါရီ၁၇ရက်က တစ်နာရီခန့်သာခြား၍ တစ်ရက်တည်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကာ ဆုံး ရှုံးမှုတန်ဖိုး ကျပ်သိန်း ၃၄၀ ကျော်ခန့် ဆုံးရှုံးခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်းခွဲ မီးလောင်ကျွမ်းမှုကြောင့် အဌမ တန်းစာမေးပွဲ အဖြေလွှာအချို့ပါ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သိရသည်။


အဆိုပါမီးလောင်မှုများအနက် ပုသိမ်ကြီးမြို့နယ်၊မင်းဂံကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ယနေ့ ညနေ ၃ နာရီ ၄၀ မိနစ် ဝန်းကျင်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ကျောင်းစာသင်ခန်း ၁၀ ခန်း လောင်းကျွမ်းခဲ့ကြောင်း၊ ၎င်းကျောင်း ၀င်းအတွင်းရှိ (၂၀၀x၃၀)ပေ သစ်ညှပ်၊ အုပ်ညှပ် နှစ်ထပ်ကျောင်းဆောင်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး (၂၀၀x၃၀)ပေ သစ် ညှပ်၊ အုပ်ညှပ် နှစ်ထပ်ကျောင်းဆောင်တစ်လုံး၊ (၇၀x၃၀)ပေ သစ်ညှပ်၊ အုပ်ညှပ် တစ်ထပ်ကျောင်းဆောင် တစ်လုံး (ဆုံးရှုံး မှုတန်ဖိုး-၂၈၂၀၀၀၀၀ ကျပ်)၊ စာသင်ခုံ ၂၅၀လုံး (ဆုံးရှုံး မှုတန်ဖိုး-၅၀၀၀၀၀၀ ကျပ်)၊ကွန်ပျူတာပစ္စည်းအစုံ တစ်စုံ (ဆုံးရှုံး မှုတန်ဖိုး-၁၀၀၀၀၀၀ ကျပ်)၊ စုစုပေါင်း ၃၄၂၀၀၀၀၀ ကျပ်ဆုံးရှုံးမှုနှင့်အတူ အဌမတန်းစာမေးပွဲ အဖြေလွှာအချို့ပါ ပျက်စီး ဆုံးရှုံးခဲ့ရသည်ဟု သိရ သည်။

စိုင်းထူးခန့်(အမရ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
အခြေခံပညာအထက်တန်းကျောင်းခွဲ မီးလောင်ကျွမ်းမှုကြောင့် အဌမ တန်းစာမေးပွဲ အဖြေလွှာအချို့ပါ ပျက်စီးဆုံးရှုံးခဲ့  အခြေခံပညာအထက်တန်းကျောင်းခွဲ မီးလောင်ကျွမ်းမှုကြောင့် အဌမ တန်းစာမေးပွဲ အဖြေလွှာအချို့ပါ ပျက်စီးဆုံးရှုံးခဲ့ Reviewed by THITHTOOLWIN on 22:15 Rating: 5
Powered by Blogger.