နိုင်ငံရဲ့ဂုဏ်သိက္ခာဖြစ်ကြောင်း သူရဦးရွှေမန်း ပြော

ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြည်သူ့လွှတ်တော်ဥက္ကဌအသစ် ဦးဝင်းမြင့်ကို သူရဦးရွှေမန်း ရုံးခန်းလွှဲပြောင်းပေးအပ်စဉ် Photo: Thura U Shwe Mann Facebook
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ကို အောင်မြင်စွာ ကျင်းပနိုင်တာာဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာဖြစ်ကြောင်းနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေး ကို အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။


ဒီကနေ့ နေပြည်တော်မှာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး ကျင်းပအပြီးမှာ သတင်းမီဒီယာတွေကို သူရဦးရွှေမန်း က ပြောလိုက်တာဖြစ်ပါတယ်။

"ကျနော်တို့နိုင်ငံက ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ရေးကို လွှတ်တော်ကနေ ဆက်လက်ဆောင်ရွက်သွားဖြစ်ပါတယ်၊ အဲ့ဒီလိုဖြစ်ဖို့လည်း ပြည်သူတွေရော၊ မီဒီယာတွေကပါ အားလုံးဝိုင်းဝန်းကူညီကြဖို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံပါတယ်"

ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာ သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် တင်မြှောက်ခြင်းခံရတဲ့ ဦးဝင်းမြင့်ကို သူတာဝန်ယူစဉ် အသုံးပြုခဲ့တဲ့ လွှတ်တော်ဥက္ကဌ ရုံးခန်းကို လွှဲပြောင်းပေးအပ်လိုက်ပါတယ်။

သူရဦးရွှေမန်းဟာ လေ့လာသူအဖြစ် ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။

လာမယ့် ဖေဖေါ်ဝါရီလ ၃ ရက်နေ့မှာ အမျိုးသားလွှတ်တော်အစည်းအဝေး ပထမဆုံးအကြိမ် အစည်းအဝေးကိုကျင်းပမှာဖြစ်ပြီး ပြည်သူ့လွှတ်တော်အစည်းအဝေးကို လာမယ့် ဖေဖေါ်ဝါရီလ ၄ ရက်နေ့မှာ ပြန်လည်ကျင်းပမှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
နိုင်ငံရဲ့ဂုဏ်သိက္ခာဖြစ်ကြောင်း သူရဦးရွှေမန်း ပြော  နိုင်ငံရဲ့ဂုဏ်သိက္ခာဖြစ်ကြောင်း သူရဦးရွှေမန်း ပြော Reviewed by THITHTOOLWIN on 16:03 Rating: 5
Powered by Blogger.