ထိုင်းနိုင်ငံ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့  ၀င်များ နိုင်ငံခြား အလုပ်သမား ရာပေါင်းများစွာက ၀ိုင်းတိုက်ခိုက်ခြင်းခံရ


Breaking news on 3-2-2016

ထိုင်း ကမ်ဘောဒီးယား နှစ်နိုင်ငံနယ်စပ်(ထိုင်းပိုင်နက်) စပ်ကဲ မှာ ဖွင့်လစ်ထားတဲ့ နယ်စပ်ကုန်များ သိုလ်လောင်ထားရာ ဂိုထောာင်ကြီးများကို ထိုင်းနိုင်ငံအထူးစုံစမ်း စစ်ဆေးရေး DSI တပ်ဖွဲ့ ဝင်များ က အကောက်အခွံမဲ့ ကုန်များ အတု ကုန်စည် များကို ၀င်ရောက်ဖမ်းဆီးရာမှာ ပိုင်ရှင်က ခွင့်မပြုခဲ့ ဘဲ ရဲနဲ့ ပိုင်ရှင် အကြား ပြသနာစတင်ဖြစ်ပွားခဲ့ပါတယ်။


နောက်ပိုင်းမှာ ဂိုထောင် ပိုင်ရှင် ရဲ့ အလုပ်သမား ကမ်ဘောဒီးယားနိုင်ငံသား ရာပေါင်းများစွာပါ ပိုင်ရှင် ဘက်က ပါလာခဲ့ပြီး လာရောက်ဖမ်းဆီးသည့် ကားများကို ဖျက်ဆီးခဲ့ပြီး ထိုင်ရဲများပါအရိုက်ခံခဲရကြောင်း DSI ထုတ်ပြန် ချက်မှာ ဖေါ်ပြထားပါတယ်။

ယခုတိုက်ခိုက်မှုဟာ သေနတ်တွေ ကိုင်ထားကြတဲ့ ရဲတွေပါ သေနတ်မောင်းတင်ပြီး ပစ်ခတ် ဘို့ အဆင့်တောင် ဖြစ်ခဲ့ကြပေမယ့် ပိုများလာတဲ့ လူအုပ်ကြီးရဲ့ တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာ သွားခဲ့ရပါတယ်။

နိုင်ငံခြားသား အလုပ်သမားများကို ၀င်ရောက်ဖမ်းဆီးကြသော ရဲအရာရှိ ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

အဆိုပါ ကမ်ဘောဒီယား အလုပ်သမားများမှာ ထိုင်းဘက်ကမ်းသို့  လာရောက်လုပ်နေကြပြီး ညနေပိုင်းတွင် ကမ်ဘောဒီးယားဘက်ကမ်းကို ပြန်ကြသူများဖြစ်ပါတယ်။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
ထိုင်းနိုင်ငံ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့  ၀င်များ နိုင်ငံခြား အလုပ်သမား ရာပေါင်းများစွာက ၀ိုင်းတိုက်ခိုက်ခြင်းခံရ  ထိုင်းနိုင်ငံ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့  ၀င်များ နိုင်ငံခြား အလုပ်သမား ရာပေါင်းများစွာက ၀ိုင်းတိုက်ခိုက်ခြင်းခံရ Reviewed by THITHTOOLWIN on 22:34 Rating: 5
Powered by Blogger.