တော်ဝင်စင်တာတွင် အရောင်းဝန်ထမ်း အမျိုးသမီးအား ဓားဖြင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်သွားသောသူ၏ ဓါတ်ပုံအား ရဲတပ်ဖွဲ့ မှ ထုတ်ပြန်


 ဒဂုံမြို့နယ်၊ တော်ဝင်စင်တာတွင် အရောင်းဝန်ထမ်းအမျိုးသမီးအား ဓားဖြင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်သွားသော ပြစ်မှုကျူးလွန်သူ အမည်မသိအမျိုးသားနှင့်ပတ်သက်၍ သိရှိပါက သတင်းပေး ကူညီနိုင်ပါရန် အသိပေးဖော်ပြခြင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

၁၉.၂.၂၀၁၆ ရက်နေ့ ၁၆၃၀ အချိန်ခန့်တွင် ဒဂုံမြို့နယ်၊ ပြည်လမ်း အနောက်ရပ်ကွက်၊ ပြည်လမ်း၊ တော်ဝင်စင်တာ ပထမထပ်ရှိ မျက်မှန်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသော စမ်းချောင်းမြို့နယ်နေ အသက်(၂၀)နှစ်ခန့်ရှိ အမျိုးသမီးထံသို့ ရှာထိုးဦးထုပ်အနက်၊ အင်္ကျီလက်ရှည် အဖြူ၊ နက်ပြာရောင် ဘောင်းဘီရှည်ဝတ်ဆင်ထားသော Facebook တွင် ခင်မင်သူ အမည်မသိ၊ အသက်(၂၅)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး ရောက်ရှိလာပြီး စကားပြောဆို နေခဲ့ကြကြောင်း သိရသည်။

 ထို့နောက် အမျိုးသမီးမှာ အဆိုပါ အမည်မသိ အမျိုးသားနှင့် တော်ဝင် စင်တာပထမထပ်ရှိ အထည်ဆိုင်တန်းရှေ့အရောက် တစ်ယောက်တစ်ခွန်း စကားများကြပြီး အမည်မသိ အမျိုးသားမှ အမျိုးသမီးအား လက်သီး
ဖြင့်ထိုးကာ အသင့်ယူဆောင် လာသော ခေါက်ဓားဖြင့်ထိုးပြီး ဓားအားပစ်ချကာ ထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားခဲ့သဖြင့် ဓားဖြင့်ထိုးခံရသူ အမျိုးသမီးတွင် ၀ဲပါးပြတ်ရှ၊ ၀ဲလက်မောင်းပြတ်ရှ၊ ၀ဲလက်ဖျံစုတ်ပြဲ၊ ၀ဲရင်အုံပြတ်ရှ ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် ကုသခဲ့ရပါသည်။


ယင်းသို့ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်သွားသူ အမျိုးသားအား စုံစမ်းအရေးယူပေးရန် အဆိုပါ အမျိုးသမီးငယ်၏ အစ်မဖြစ်သူ မဖြူသီမှ တိုင်တန်းသဖြင့် ဒဂုံမြို့မရဲစခန်း(ပ)၃၇/၂၀၁၆၊ ပြစ်မှုပုဒ်မ-၃၂၆ ဖြင့်
အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိပါသည်။

ပြစ်မှုကျူးလွန်သူ အမျိုးသားမှာ ဓါတ်ပုံတွင်ဖော်ပြထားသူဖြစ်ပြီး ၎င်းအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှစုံစမ်းဆောင်ရွက်လျက်ရှိရာ ပြည်သူများ အနေဖြင့်လည်း ၎င်းအမျိုးသားနှင့် ပတ်သက်၍ သတင်း တစ်စုံ တစ်ရာ ရရှိပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် သတင်းပေးခြင်းဖြင့် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်နိုင်ပါရန် အသိပေးဖော်ပြကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန် ထားပါသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၂၃၀၀၇၄၇

အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၃၇၆၁၆၆

ဒဂုံမြို့မရဲစခန်း - ၀၁ ၃၇၄၄၂၇

by သစ်ထူးလွင်

တော်ဝင်စင်တာတွင် အရောင်းဝန်ထမ်း အမျိုးသမီးအား ဓားဖြင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်သွားသောသူ၏ ဓါတ်ပုံအား ရဲတပ်ဖွဲ့ မှ ထုတ်ပြန်  တော်ဝင်စင်တာတွင် အရောင်းဝန်ထမ်း အမျိုးသမီးအား ဓားဖြင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်သွားသောသူ၏ ဓါတ်ပုံအား ရဲတပ်ဖွဲ့ မှ ထုတ်ပြန် Reviewed by THITHTOOLWIN on 20:11 Rating: 5
Powered by Blogger.