ကျောက်မဲမြို့တွင် တောမီးမှတဆင့် အဆောက်အဦးတစ်ခု မီးလောင်


ကျောက်မဲ ဖေဖော်ဝါရီလ(၂၁)ရက်

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့၊ ကျွဲကုန်း ကျေးရွာအုပ်စု ၊ နောင်ပိန်လေး ကျေးရွာ ဘုန်းကြီး ကျောင်းဝင်း အတွင်းတွင် ယနေ့နေ့ လည် ၁ နာရီ ၁၅ မိနစ် အချိန်က တောမီးမှတဆင့် အဆောက်အဦး တစ်ခု မီးလောင်ကျွမ်းခဲ့သည်။


ဖြစ်စဉ်မှာ ကျောက်မဲမြို့နယ်၊ ကျွဲကုန်းကျေးရွာအုပ်စု၊ နောင်ပိန်လေးကျေးရွာ ဘုန်းကြီး ကျောင်းဝင်း အတွင်း ရွာသူရွာသားများ အတွက် ကွန်ပျူတာ သင်ကြားပေးနေသော ၈၀ ပေ × ၃၀ ပေ၊ သွပ်မိုး၊ ၀ါးထရံကာ၊ မြေစိုက် အဆောက်အဦး တစ်လုံးအား ယနေ့နေ့လည် ၁ နာရီ ၁၅ မိနစ် အချိန် က တောမီးမှတဆင့် မီးစတင် လောင်ကျွမ်းခဲ့သည်။ ကျေးရွာမှ တာဝန် သိ ပြည်သူတစ်ဦး၏ သတင်း ပေးချက်အရ ရွာသူရွာသားများနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား (၂)စီးတို့ဖြင့် ၁ နာရီ ၃၅ မိနစ် အချိန် တွင် ရောက်ရှိပြီး ၀ိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ ၁ နာရီ ၅၀ မိနစ် အချိန်တွင် မီးလုံးဝ ငြှိမ်းသတ်နိုင်ခဲ့သည်။ အဆိုပါမီးကြောင့် တစ်ဦး တစ်ယောက်မျှ ထိခိုက်မှု မရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကျောက်မဲမြို့တွင် တောမီးမှတဆင့် အဆောက်အဦးတစ်ခု မီးလောင်  ကျောက်မဲမြို့တွင် တောမီးမှတဆင့် အဆောက်အဦးတစ်ခု မီးလောင် Reviewed by THITHTOOLWIN on 16:56 Rating: 5
Powered by Blogger.