ဗီယက်နမ်နိုင်ငံတွင် အအေးလွန်ကဲမှုကြောင့် တိရစ္ဆာန် အကောင်ရေ ၈၉၀၀ ကျော်သေဆုံး


ဟနွိုင်း ၊ ၂-၂-၂၀၁၆

ဗီယက်နမ်နိုင်ငံတွင် အအေး လွန်ကဲမှုကြောင့် စိုက်ပျိုးရေး အထောက်အကူပြု တိရစ္ဆာန် အကောင်ရေ ၈၉ဝဝ ကျော် သေဆုံးသွား ခဲ့ကြောင်း ဗီယက်နမ် မွေးမြူရေးဝန်ကြီး ဌာနက ဇန်နဝါရီ ၃ဝ ရက်က ထုတ်ပြန်ခဲ့သည်။

အထူးသဖြင့် ဗီယက်နမ်နိုင်ငံ ကွမ်နင်ပြည်နယ် ဆန်လတောင် ဒေသတွင် အသေများခဲ့ပြီး အကောင်ရေ ၂၇၅၆ ကောင်ထိ သေဆုံးသွားခဲ့ သဖြင့် သေဆုံးမှု စုစုပေါင်း၏ ၃၈ ရာခိုင်နှုန်းထိ ရှိခဲ့ကြောင်း သိရသည်။

ဆန်လတောင် ဒေသတွင် သေဆုံးသော တိရစ္ဆာန် အမျိုးအစား များမှာ ကျွဲ ၊ ဆိတ် ၊ မြင်း နှင့် ၀က် တို့ဖြစ်သည်။ ဗီယက်နမ်နိုင်ငံ အနောက်တောင်ပိုင်း တွင်ရှိသော ဒိုင်ဗင်းပြည်နယ် ၌ အကောင်ရေ ၆၄၁ ကောင် သေဆုံးခဲ့ပြီး ဒုတိယ အများဆုံး သေဆုံးခဲ့သည့် ပြည်နယ် ဖြစ်သည်။

ဗီယက်နမ်နိုင်ငံတွင် အအေး လွန်ကဲ၍ စိုက်ပျိုးရေး အထောက်အကူပြု တိရစ္ဆာန်များ သေဆုံးမှုသည် ၂ဝဝ၈ ခုနှစ်က တစ်ကြိမ် ဖြစ်ပေါ်ခဲ့ပြီး စုစုပေါင်း အကောင်ရေ နှစ်သိန်းကျော်ထိ စံချိန်တင် သေဆုံးခဲ့ ဖူးကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
ဗီယက်နမ်နိုင်ငံတွင် အအေးလွန်ကဲမှုကြောင့် တိရစ္ဆာန် အကောင်ရေ ၈၉၀၀ ကျော်သေဆုံး  ဗီယက်နမ်နိုင်ငံတွင် အအေးလွန်ကဲမှုကြောင့် တိရစ္ဆာန် အကောင်ရေ ၈၉၀၀ ကျော်သေဆုံး Reviewed by THITHTOOLWIN on 13:34 Rating: 5
Powered by Blogger.