မင်းကန်ကျေးရွာ အထက်တန်းကျောင်းခွဲ မီးလောင်မှုဖြစ်ပွား


မင်းကန် ဖေဖော်ဝါရီ ၁၇

ပုသိမ်ကြီးမြို့နယ် မင်းကန်ကျေးရွာ အထကခွဲတွင် ယနေ့ ညနေ ၃ နာရီ ၅၀ မိနစ်အချိန်၌ လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်၍ မီးလောင်မှု ဖြစ်ပွားခဲ့သည်။ မီးလောင်ကျွမ်းမှုကြောင့် အလျား(၂၀၀) ပေ၊ အနံ (၃၀) ပေ၊ (၁၂) ခန်းတွဲ၊ သွပ်မိုး၊ အုတ်ကာ၊ နှစ်ထပ်ကျောင်းဆောင် (၁) လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပါသည်။


မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ ပုသိမ်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးနေမျိုးလင်းပါ တပ်ဖွဲ့ဝင် (၃၅) ဦး၊ မီးသတ်ယာဉ် (၁၂) စီးနှင့် ဒေသခံ ပြည်သူများ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၁၅ မိနစ် အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါ အထက်တန်းကျောင်းခွဲတွင် ဆရာ၊ ဆရာမ ၂၇ ဦးနှင့် ပညာသင်ကြား လျှက်ရှိသော ကျောင်းသား/ ကျောင်းသူ (၆၂၈) ဦးရှိပြီး မီးလောင်မှု ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မင်းကန်ကျေးရွာ အထက်တန်းကျောင်းခွဲ မီးလောင်မှုဖြစ်ပွား  မင်းကန်ကျေးရွာ အထက်တန်းကျောင်းခွဲ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:14 Rating: 5
Powered by Blogger.