ရေလယ်ကုန်းကျေးရွာတွင်း ဝင်ရောက်သော ကျားအားဖမ်းဆီးရမိ



ကော့ကရိတ်၊ ဖေဖော်ဝါရီ ၂၅

ကော့ကရိတ်မြို့နယ်၊ ရေလယ်ကုန်းကျေးရွာတွင် ယနေ့နံနက် ၄ နာရီခွဲခန့်တွင် (၇)တောင်အရွယ်ခန့်ရှိ ကျားတစ် ကောင်ဝင်ရောက်သည့်အတွက် ငါးပိုက်ထောင်သူ(၂)ဦးထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံသို့ တင်ပို့ကုသ ထားကြောင်း တပ်မတော်နှင့် တာဝန်ရှိသူများက ကျားကို ဖမ်းဆီးရမိရေးနှင့် ရွာသူ/ရွာသားများ အန္တရာယ်မဖြစ်စေရေး ဆောင်ရွက်ခဲ့ရာ နံနက် (၁၁)နာရီခွဲခန့်တွင် ကျားအားအသေ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။


ကျားကိုက်ခံရသူများမှာ ဦးချက်ပြူး(ခ)ထိပ်ဖြူ ၊ ဦးသန်းထွန်းလေးတို့ (၂) ဦး ဖြစ်ကြောင်း ကျားကိုက်ခံရသူ(၂)ဦးအား ကော့ကရိတ်ဆေးရုံကြီး အတွင်း လူနာ (မစိုးရိမ်ရ)ဖြင့် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်း- ခရိုင်ပြန်/ဆက်( ကော့ကရိတ်)
ဓာတ်ပုံ- ဒေါနထက်အောင်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

ရေလယ်ကုန်းကျေးရွာတွင်း ဝင်ရောက်သော ကျားအားဖမ်းဆီးရမိ  ရေလယ်ကုန်းကျေးရွာတွင်း ဝင်ရောက်သော ကျားအားဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 13:04 Rating: 5
Powered by Blogger.