ကိုရီးယားမှာ ကွမ်းမထွေးဖို့ လှုံ့ဆော်နေရ

 ထောင်ဒဏ် ၁၀ နှစ် နဲ့ ဒဏ်ငွေ ဝမ် သိန်းတစ်ထောင် အထိချနိုင်တယ်လို့ ကိုးရီးယားရဲတပ်ဖွဲ့က သတိပေးစာ ထုတ်
ကိုရီးယားနိုင်ငံရောက် မြန်မာတွေ လမ်းမ ပေါ်မှာနဲ့ အများသူငါ သွားလာ တဲ့ နေရာ တွေမှာ ကွမ်းတံတွေးထွေးမယ်ဆိုရင် ဒဏ်ငွေ ဝမ်းတစ်သိန်းနဲ့ ထောင်ဒဏ် ကျခံ ရမှာပါ။

အစားအသောက် ဆေးဝါး ကွပ်ကဲမှု ဥပဒေနဲ့ ဆိုရင် ထောင်ဒဏ် ၁၀ နှစ် နဲ့ ဒဏ်ငွေ ဝမ် သိန်းတစ်ထောင် အထိချနိုင်တယ်လို့ ကိုးရီးယားရဲတပ်ဖွဲ့က သတိပေးစာ ထုတ်ပြန် ခဲ့ပါတယ်။

ကွမ်းတံတွေး မထွေးကြဖို့ကို ကိုးရီးယားရောက်မြန်မာအဖွဲ့အစည်းတွေက တိုက်တွန်းနှိုးဆော်မှုတွေ ပြုလုပ်နေကြပြီဖြစ်ပါတယ်။

ကိုးရီးယားနိုင်ငံမှာ တစ်နိုင်ငံလုံးက မြန်မာတွေဟာ အလုပ်အားရက်တွေမှာ ဘူးဖြောင်းမြို့ကို လာရောက် လည်ပတ်လေ့ ရှိပြီး အနီးပါတ်ဝန်းကျင် တွေမှာ ကွမ်းတံတွေ ထွေး ကြလို့ ကွမ်းတံတွေးတွေ က လူမြင်ကွင်း တွေမှာ အများအပြား ဖြစ်လာတယ် လို့ ပြောပါတယ်။

ဒါကြောင့်လည်း လူအများသွားလာတဲ့နေရာမှာ ကွမ်းတံတွေး ထွေးရင် အရေးယူမယ်လို့ မကြာခင်ကပဲ ရဲတပ်ဖွဲ့က အသိပေးနှိုးဆော်စာ ထုတ်ပြန် လာတာဖြစ်တယ်။

ပြစ်ဒဏ်နဲ့ပတ်သက်ပြီး ကွမ်းတံတွေး ပပျောက်ရေး ကော်မတီဝင် ကိုစိုးမိုးသူက လမ်းဘေး သေးပေါက်တာတို့၊ လူအများသွားလာနိုင်တဲ့ နေရာတွေမှာ တံတွေးထွေး တာတို့ လုပ်ရင် ကိုရီးယား ဝမ်ငွေ တစ်သိန်း ဒဏ်ငွေ ချမှတ် မယ်လို့ ကြေညာချက် ထုတ်ပြန်တာ ဖြစ်တယ်လို့ ပြောပါတယ်။

အစားအသောက်တွေမှာ ရောဂါ ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေ ရောင်းချရင် ဒါမှမဟုတ် ရောင်းချရန် ရည်ရွယ်ချက်နဲ့ လက်ထဲမှာ ထားတယ် ထုတ်လုပ် တယ်ဆိုရင် ဒဏ်ငွေ ကိုရီးယား ဝမ် ငွေ သိန်း တစ်ထောင် အထိ ချမှတ်မှာ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

အခု လောလောဆယ်မှာ ကွမ်းယာဆိုင်တွေကို ပိတ်ပင်တဲ့အထိ လုပ်တာမျိုး မဟုတ်ပဲ အားလုံးက ပူးပေါင်းဆောင်ရွက်ပြီးထိန်းသိမ်းကျဖို့ တိုက်တွန်း နေတာဖြစ်တယ်။

ကွမ်းတံတွေး ပပျောက်ရေး ကော်မတီကလည်း ကွမ်းတံတွေးကို လိုက်လံ ဆေးကျောတာတွေ လုပ်နေတယ်လို့ ကော်မတီဝင် ကိုစိုးမိုးသူက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
ကိုရီးယားမှာ ကွမ်းမထွေးဖို့ လှုံ့ဆော်နေရ  ကိုရီးယားမှာ ကွမ်းမထွေးဖို့ လှုံ့ဆော်နေရ Reviewed by THITHTOOLWIN on 06:17 Rating: 5
Powered by Blogger.