မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီမှ ထုတ်ပေးထားသည့် မှတ်ပုံတင် လက်မှတ်မရှိဘဲ အင်ဂျင်နီယာ လုပ်ငန်းများ ပြုလုပ်ပါက ဥပဒေအရ အရေးယူ ခံရနိုင်

မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ၊ စတုတ္ထအကြိမ် မှတ်ပုံတင် အကြီးတန်း အင်ဂျင်နီယာ (R.S.E) လက်မှတ်များ ပေးအပ်ခြင်း အခမ်းအနားကျင်းပစဉ် (ဓာတ်ပုံ-ဆောက်လုပ်ရေးဝန်ကြီးဌာန)
    ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ)

    မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီမှ ထုတ်ပေးထားသည့် မှတ်ပုံတင် လက်မှတ် မရှိပါက မည်သည့် အင်ဂျင်နီယာ လုပ်ငန်းမျှ ပြုလုပ်ခွင့် မရှိဘဲ ချိုးဖောက်ပါက ဥပဒေအရ အရေးယူ ခံရနိုင်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီ ယာကောင်စီ ဥက္ကဋ္ဌ ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဒေါက်တာ ဝင်းမြင့်က ပြောသည်။

“ကောင်စီက ထုတ်ပေးတဲ့ မှတ်ပုံတင် လက်မှတ် မရှိလျှင် မည်သည့် အင်ဂျင်နီယာ လုပ်ငန်းမျှ မလုပ်ရလို့ ပုဒ်မ ၃၇ က ပြဌာန်းထားတာ ဖြစ်တဲ့အတွက် အဲဒါကို ချိုးဖောက်ရင်တော့ ဥပဒေနှင့် အညီ ပုဒ်မ ၄၀ နဲ့ အရေးယူ ခံရနိုင်စရာ ရှိပါကြောင်း၊ R.E , R.S.E, P.E မှတ်ပုံတင် လက်မှတ် ရသူများသာ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီရဲ့ Jurisdiction အောက်မှာရှိတဲ့ အတွက် ကောင်စီပြင်ပမှ ကျန် အင်ဂျင်နီယာများကို ကောင်စီက ဥပဒေဖြင့် အကာအကွယ် ပေးနိုင်မှာ မဟုတ်ကြောင်း”ဟု ဒုတိယဝန်ကြီး ဒေါက်တာ ဝင်းမြင့်က ပြောသည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီမှ ယနေ့ အချိန်အထိ အာဆီယံ ပဋိညာဉ်ခံ အင်ဂျင်နီယာ ပညာရှင် (ACPE) ၁၄၇ ဦး ၊ မှတ်ပုံတင် အင်ဂျင်နီယာ ပညာရှင် (PE) ၃,၆၂၈ ဦးနှင့် မှတ်ပုံတင် အကြီးတန်း အင်ဂျင်နီယာ (R.S.E) ၄၉၈ ဦး မွေးထုတ် ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီမှ ထုတ်ပေးထားသည့် မှတ်ပုံတင် လက်မှတ်မရှိဘဲ အင်ဂျင်နီယာ လုပ်ငန်းများ ပြုလုပ်ပါက ဥပဒေအရ အရေးယူ ခံရနိုင်  မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီမှ ထုတ်ပေးထားသည့် မှတ်ပုံတင် လက်မှတ်မရှိဘဲ အင်ဂျင်နီယာ လုပ်ငန်းများ ပြုလုပ်ပါက ဥပဒေအရ အရေးယူ ခံရနိုင် Reviewed by THITHTOOLWIN on 22:00 Rating: 5
Powered by Blogger.