မြိတ်မြို့ အ.ထ.က(၃)ကျောင်းအနီး ဓားခုတ်မှု ဖြစ်ပွား


25.2.2016

မြိတ်မြို့ ကန်ခေါင်း မြစ်ငယ် ဈေးတန်းရပ်ဆုံရာ ပြန်ကြားရေးရုံးနှင့် အထက ၃ အနီးတွင် (25.2.16) မွန်းလွှဲ၁၂း၃၀နာရီတွင် ဓားခုတ်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ဓားခုတ်မှုမှာ ငွေအကြွေးတောင်းရာမှဖြစ်ပြီး ခုတ်သူမှာ ကန်ခေါင်းရပ် ပုလဲလမ်းနေ ဦးမောင်ငယ်
(45)နှစ်ဖြစ်ပြီး အခုတ်ခံရသူမှာ ဈေးတန်းရပ်ပြန်ကြားရေးရုံး အနီးနေ မောင်ရဲရင့်တိုး(25)နှစ်ဖြစ်သည်။

အခုတ်ခံရသူသည် ဆေးရုံကြီးတွင် ကုသ နေပြီး စိုးရိမ်ရ သော အခြေအနေမရှိပါ။ ဓားခုတ်သူအား ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဓာတ်ပုံ - ဓားဖြင့်ခုတ်သူဦးမောင်ငယ်နေအိမ်

မြိတ်မြို့ သတင်းမီဒီယာ
Myat Htut - Myeik (facebook)
မြိတ်မြို့ အ.ထ.က(၃)ကျောင်းအနီး ဓားခုတ်မှု ဖြစ်ပွား   မြိတ်မြို့ အ.ထ.က(၃)ကျောင်းအနီး ဓားခုတ်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 21:22 Rating: 5
Powered by Blogger.