မြန်မာနိုင်ငံသားများ စီးလာသည့် ကား ထိုင်းနိုင်ငံ ဆူဖန်ဘူရီတွင် တိမ်းမှောက် တစ်ဦးသေဆုံး၁၆ ဦးဒဏ်ရာရ


ဖေဖော်ဝါရီလ ၁၉ရက်နေ့ ၂၀၁၆

ထိုင်းနိုင်ငံ ဖူးခက်မြို့မှ မဲဆောက်မြို့ သို့  ပြန်လာကြတဲ့ မြန်မာအလုပ်သမားတွေ စီးနင်းလာသော စင်းလုံးငှါးမှန်လုံကားမှာ ၁၉-၂-၂၀၁၆ ရက်နေ နက်နံဝေလီဝေလင်းအချိန် ဆူဖန်ဘူရီခရိုင် အတွင်း သစ်ပင်အား ၀င်တိုက်ရာမှ တိမ်းမှောက် ခဲ့လို့  ကားတွင်းလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား တစ်ဦးသေဆုံးပြီး ၁၆ဦးစလုံးဒါဏ်ရာရရှိခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် Thairath မှာရေးသားဖေါ်ပြ ပါတယ်။

သေဆုံးသူ မှာ ဒေါ်ပု အသက် ၄၂ နှစ်မြန်မာအမျိုးသမီး ဖြစ်ပါတယ်။

ဒဏ်ရာရသူ ၁၆ဦးအနက် ၈ဦးမှာ ကားအတွင်းမှာခံညှပ်မိနေပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ဒဏ်ရာရသူများတွင် ၁နှစ်အရွယ်ကလေးတစ်ဦးလည်းပါဝင်တယ်လို့ဆိုပါတယ်။

ကျန် ၇ဦးက ဒဏ်ရာအနည်းကျဉ်းရရှိပါတယ် မြန်မာနိုင်ငံသားများစီနင်းလာသည့် ကားမှာ တိုယိုတာကား အဖြူရောင် နံပါတ် ၃၀-၆၅၆၄ ဖြစ်ပါတယ် ကားပေါ်လိုက်ပါလာသော ခရီးသည်အားလုံးမြန်မာပြည်သားတွေဖြစ်ကြပါတယ်။

ထိုင်းနိုင်ငံသား အသက် ၅၇နှစ် ကားမောင်းသမား မစ်စတာ စုန်ခစ်ဆိုသူ က ကားမောင်းရင်းအိပ်ငိုက်ခဲ့လို့ ခုလိုကားတိမ်းမှောက် မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
မြန်မာနိုင်ငံသားများ စီးလာသည့် ကား ထိုင်းနိုင်ငံ ဆူဖန်ဘူရီတွင် တိမ်းမှောက် တစ်ဦးသေဆုံး၁၆ ဦးဒဏ်ရာရ  မြန်မာနိုင်ငံသားများ စီးလာသည့် ကား ထိုင်းနိုင်ငံ ဆူဖန်ဘူရီတွင် တိမ်းမှောက် တစ်ဦးသေဆုံး၁၆ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 22:11 Rating: 5
Powered by Blogger.