ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ဗညားဒလမ်းနှင့် စက်ရုံလမ်းထောင့်ရှိ အဆင့်မြင့်မင်္ဂလာဈေးသည် ဇန်န၀ါရီ ၉ ရက် နံနက် ၁ နာရီ ၃၀ မိနစ်ဝန်းကျင်ခန့်မှစ၍ မီ လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး မီးညွန့်ကျိုးသည့်အချိန် ၅း ၀၅ နာရီ၊ မီးငြိမ်းသတ်နိုင်ချိန် ၇း၁၅ နာရီ၊ လက်ရှိအချိန် နေ့လည် ၁နာရီကျော်အချိန်ထိ မီးကြွင်းမီးကျန် ငြိမ်းသက်နေကြောင်း သိရသည်။
အဆိုပါမီးလောင်မှုအား မီးသတ်ယာဉ် (၅၈) စီး၊ မီးသတ်ရေသယ်ယာဉ် (၂၇) စီး၊ လှေကားတင်ယာဉ် (၄) စီး၊ ဝါတာ တာဝါ (၂) စီး ၊ ကွပ်ကဲမှုယာဉ် (၁၁) စီး၊ မီးသတ်အထောက်အကူပြုယာဉ် (၇) စီး၊ မီးသတ်ယာဉ် (၆) စီး၊ ကြက်ခြေနီယာဉ် (၁၉) စီး စုစုပေါင်း ယာဉ် (၁၃၄) စီးနှင့်အတူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၅၉၀) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၁၆) ဦး၊ ကြက်ခြေနီ (၁၅၃) ဦးတို့ဖြင့် မီးငြှီမ်းသတ်ရေး ဆောင်ရွက်မှု ပြုလုပ်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တိုင်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
မီးလောင်ရာနေရာသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ဖွဲ့ခွဲအသီးသီးမှ တပ်မတော်သား ၁၈၀၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၃၅၀ တို့က လုံခြုံရေးရယူဆောင်ရွက်ပေးခဲ့သည်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ မီးလောင်မှုပမာဏ ကြီးမားသော ယခု မီးလောင်မှုဖြစ်စဉ်ကို Level 5 ယာဉ်အုပ်စုဖြင့် မီးငြှိမ်းသတ်နေရကြောင်း သတင်းထုတ်ပြန်ထားပြီး မီးလောင်မှုဖြစ်စဉ်နှင့် ဆုံးရှုံးမှုတန်ဖိုးအား မသိရသေးကြောင်း၊ အသေးစိတ် အချက်အလက်များကို ဆက်လက်စစ်ဆေး ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
(မင်္ဂလာဈေးမီးသတင်း Update)
Reviewed by THITHTOOLWIN
on
15:23
Rating: