ပခုက္ကူ KBZ ဘဏ်တွင် ငွေလု မီးရှို့မှုဖြစ်ပွား

ပခုက္ကူမြို့ရှိ KBZ ဘဏ်တွင် ငွေလုယူရန် ကြိုးပမ်းပြီး ဘဏ်ပိုပါ မီးရှို့သည့် ဖြစ်စဉ်တစ်ရပ် ဇန်န၀ါရီလ ၅ ရက်နေ့ နေ့လယ် ၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ပခုက္ကူမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက The Ladies News သို့ အတည်ပြု ပြောဆိုသည်။

“ မီးရှို့တာ ဟုတ်တယ် ။ အဲဒီလူကိုလည်း မိထားတယ်။ စစ်နေတုန်းပါပဲ။ အသေးစိတ်ကိုတော့ ညနေကျမှ ပြောနိုင်ပါမယ်” ဟု မြို့မရဲစခန်း တာဝန်ကျ ရဲအရာရှိ တစ်ဦးက ညနေ ၃ နာရီခန့်က The Ladies news သို့ ပြောသည်။

အဆိုပါ လုယက်ပြီး မီးရှို့ရန် ကြိုပမ်းမှုကြောင့် သေကြေဒဏ်ရာရသူ မရှိခဲ့ဘဲ ဘဏ်လုံခြုံရေး ၀န်ထမ်းများမှ အဆိုပါ လုယက်မီးရှို့ရန် ကြိုးပမ်းသူကို ၀ိုင်းဝန်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

The Ladies News Journal
https://www.facebook.com/News.TheLadies

ဓါတ်ပုံ ။ ။ Soe Moe (facebook)
ပခုက္ကူ KBZ ဘဏ်တွင် ငွေလု မီးရှို့မှုဖြစ်ပွား  ပခုက္ကူ  KBZ ဘဏ်တွင် ငွေလု မီးရှို့မှုဖြစ်ပွား Reviewed by THITHTOOLWIN on 15:39 Rating: 5
Powered by Blogger.