IS အစွန်းရောက် အစ္စလာမ်မစ် စစ်သွေးကြွအဖွဲမှာ ပြီးခဲ့သော ရက်ပိုင်းတွင် ဆီးရီယားနိုင်ငံ Deir al-Zor, ဒေသကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် မြို့အတွင်းရှိ အမျိုသမီး နှင့် ကလေးငယ်ပေါင်း ၄၀၀ ကျော်ကို ပြန်ပေးဆွဲခဲ့ရာ လက်ရှိတွင် လူပေါင်း ၂၇၀ ကျော်ကို အင်္ဂါနေ့တွင် ပြန်လွှတ်ပေးခဲ့ဖွယ် ရှိကြောင်း ဆီးရီယားရှိ လူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
အစွန်းရောက် စစ်သွေးကြွအဖွဲ့မှာ အဆိုပါ မြို့ကို ၄ ရက်ကြာ တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် မြို့အတွင်းရှိ အိမ်များကို ၀င်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ စီနင်းမှုပြုလုပ်စဉ် အတွင်း အမျိုသမီးများ သာမက အမျိုသား ၅၀ ကျော်ကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဆီးရီယားရှိ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ အကြီးအကဲ Rami Abdulrahman, က အစွန်းရောက်အဖွဲ့များမှာ အသက် ၁၄ နှစ် နှင့် အသက် ၅၅နှစ်အတွင်းရှိ အမျိုသားများကို မေးမြန်းစုံစမ်းမှုများ ပြုလုပ်ရန် အတွက် ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သည် ဟု ပြောဆိုသည်။
အမေရိကန်နိုင်ငံကမူ အစွန်းရောက်အဖွဲ့များ အနေဖြင့် အပြစ်မဲ့ အရပ်သားများကို ပြန်ပေးဆွဲမှုများ ပြုလုပ်ခြင်းအတွက် တာဝန်ယူရမည် ဖြစ်ကြောင်း သတိပေးထားသည်။
အမေရိကန် အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Mark Toner က “ အစွန်းရောက် စစ်သွေးကြွ IS အဖွဲ့မှ ပြန်ပေးဆွဲ ဖမ်းဆီးထားတဲ့သူများကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်။ ပြန်ပေးဆွဲခံရသူများရဲ့ အခြေအနေကို အသေးစိတ် မသိရသေးပေမယ့်လည်း အခြေအနေကို သိလိုတယ်” ဟု ပြောဆိုသည်။
လက်ရှိအချိန်တွင် ပြန်လွှတ်ပေးလိုက်သော အရပ်သားများမှာ Deir al-Zor ရှိ အစွန်းရောက် စစ်သွေးကြွအဖွဲ့များ ပိုင်ဆိုင်သော ကျေးရွာများတွင် ရှိနိုင်ဖွယ် ရှိနေပြီး စစ်သွေးကြွများမှာ အီရတ်နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိနေသော Raqqa များကိုလည်း ထိမ်းချုပ်ထားကြောင်း သိရသည်။ IS အစွန်းရောက် စစ်သွေးကြွအဖွဲ့မှာ အီရတ်နှင့် ဆီးရီယားနိုင်ငံရှိ နယ်မြေများကို သိမ်းပိုက်ပြီး အစ္စလာမ်မစ် နိုင်ငံတော် တည်ထောင်ထားရာ နယ်မြေအများအပြားကို သိမ်းပိုက်ထားနိုင်ခဲ့ကြောင်း အစွန်းရောက် စစ်သွေးကြွအဖွဲ့ တိုက်ခိုက်ခဲ့သော Deir al-Zor ဒေသမှာ ပြီးခဲ့သော မတ်လ ကတည်းက ဆီးရီယားအစိုးရ တပ်ဖွဲ့များ ထိမ်းချုပ်ထားသော
နယ်မြေအဖြစ် ရှိနေခဲ့ကြောင်း သိရသည်။
Refး reuters
သတင်း - ဇော်မင်းဦး
The Ladies News Journal
https://www.facebook.com/News.TheLadies
IS အစွန်းရောက် အစ္စလာမ် မစ်စစ်သွေးကြွအဖွဲမှ ပြန်ပေးဆွဲထားသော လူ ၂၇၀ကျော်ပြန်လွတ်ပေး
Reviewed by THITHTOOLWIN
on
19:28
Rating: