ဆိုမာလီနိုင်ငံ မြို့တော်ကမ်းခြေမှာ ဗုံးဖောက်ခွဲတိုက်ခိုက်ခံရ


ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့တော်က လူအသွား အလာများတဲ့ ကမ်းခြေ စားသောက်ဆိုင်တွေကို ကားဗုံးတွေ သေနတ်သမားတွေနဲ့ တိုက်ခိုက် ခံခဲ့ရပါတယ်။

ပထမဗုံးက ညနေခင်း စောစောပိုင်းမှာ ပေါက်ကွဲခဲ့ပြီးတော့ မကြာခင်မှာ သေနတ်သမား ၅ ယောက်က ကမ်းပေါ်ကို ၀င်ပြီးတော့ စီးနင်းခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၁ နာရီအကြာမှာတော့ နောက်ကားဗုံးတစ်လုံး ထပ်ကွဲခဲ့တယ်လို့ ဘီဘီစီ ဆိုမာလီဌာနက ပြောကြားပါတယ်။

ဒီတိုက်ခိုက်မှုတွေမှာ အနည်းဆုံး လူ ၃ ယောက်သေဆုံးပြီးတော့ အများအပြား သေဆုံးတယ်လို့ ယူဆရပါတယ်။

အယ်လ်ရှာဘတ် အစ္စလာမ်မစ် စစ်သွေးကြွအုပ်စုက ဒါသူတို့လက်ချက်လို့ ကြေညာခဲ့ပြီး သူတို့သေနတ်သမားတွေဟာ ကမ်းခြေက ဆိုင်တစ်ဆိုင်မှာ ရှိနေသေးတယ်လို့လည်း ပြောပါတယ်။

ဆိုမာလီဝန်ကြီးချုပ် အိုမာ အက်ဒီရာရှစ် အလီ ရှာမာကေး ကတော့ ဒီတိုက်ခိုက်မှုကို အရိုင်းအစိုင်းတွေရဲ့ လုပ်ရပ်လို့ ပြောဆိုခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ဆိုမာလီနိုင်ငံ မြို့တော်ကမ်းခြေမှာ ဗုံးဖောက်ခွဲတိုက်ခိုက်ခံရ  ဆိုမာလီနိုင်ငံ မြို့တော်ကမ်းခြေမှာ ဗုံးဖောက်ခွဲတိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 11:18 Rating: 5
Powered by Blogger.