ဓာတ်လိုက်နေသူအား ဆွဲရာက နှစ်ဦးစလုံး ဓာတ်လိုက်သေဆုံး


နေပြည်တော်၊ ဇန်နဝါရီ ၇

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ပြည်သူ့ဆေးရုံ၌ ဓာတ်လိုက်သေဆုံးသူနှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ ကော့သောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ သေဆုံးသူများမှာ ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်နေ ဦးကျော်(၅၃)နှစ်နှင့် သီရိမြိုင်ရပ်ကွက်နေ မျိုးဆန်း(၃၁)နှစ်တို့ဖြစ်ပြီး အောင်သုခရပ်ကွက်၊ ရွှေဝါထွန်း (၃)လမ်းရှိ ဦးဉာဏ်ထွန်း၏ နှစ်ထပ်နေအိမ်ရှေ့နံရံအား ဦးကျော်က ဘိလပ်မြေကပ်၍ အလျား(၃)ပေ၊ အနံ(၂) လက်မခန့်ရှိ သံပြားဖြင့် အချောကိုင်ရာ နံရံနှင့် (၁)လက်မခန့်အကွာတွင် သွယ်တန်းထားသည့် လျှပ်စစ် ဓာတ်ကြိုးဖြင့် သံပြားတို့ထိမိကာ ဓာတ်လိုက်နေစဉ် မျိုးဆန်းက ဝင်ရောက်ဆွဲရာမှ နှစ်ဦးစလုံး ဓာတ်လိုက်သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ကော့သောင်းမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၂/၂၀၁၆) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ဓာတ်လိုက်နေသူအား ဆွဲရာက နှစ်ဦးစလုံး ဓာတ်လိုက်သေဆုံး  ဓာတ်လိုက်နေသူအား ဆွဲရာက နှစ်ဦးစလုံး ဓာတ်လိုက်သေဆုံး Reviewed by THITHTOOLWIN on 20:40 Rating: 5
Powered by Blogger.