မဲဆောက်-မြ၀တီ ထိုင်း မြန်မာ နယ်စပ် ကုန်သွယ်ရေး ကျဆင်း


မဲဆောက်-မြ၀တီ ထိုင်း မြန်မာ နယ်စပ် ကုန်သွယ်ရေးဟာ ကုန်သည်တွေ စိတ်ပူ ရလောက်အောင် ကျဆင်းနေပါတယ်။

မဲဆောက် က မြန်မာ လက္ကား ကုန်သည် တစ်ယောက် ပြောတာက အရင်ကနဲ့ နှိုင်းယှဉ်ရင် အခု ၃၀% လောက်ပဲ ရောင်းရပြီး၊ သကြား က လွဲပြီး ကျန်တဲ့ ပစ္စည်းအရောင်း အ၀ယ် မဖြစ်သလောက်ပဲ လို့ ဆိုပါတယ်။

မဲဆောက်က အချိုမှုန့်၊ စားအုန်းဆီ၊ မုန့်ခြောက်မျိုးစုံ နဲ့ အချိုရေ မျိုးစုံလို စားသောက်ကုန်တွေ အပါအ၀င် အ၀တ်အထည်၊ ကားပစ္စည်း၊ အိမ်ဆောက် ပစ္စည်း၊ ဖိနပ်မျိုးစုံ၊ ပလပ်စတစ် ပစ္စည်းတွေနဲ့ လျှပ်စစ် ပစ္စည်း လက္ကားဆိုင် တွေ အင်မတန် အရောင်းထိုင်း နေတယ်လို့ မဲဆောက်က ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဒီလို နယ်စပ် စီးပွားရေး ကျဆင်း ရတာဟာ ဘန်ကောက် ကနေ မြန်မာ နိုင်ငံထဲ လေကြောင်းနဲ့ ၀င်နိုင် လာတာ က တစ်ကြောင်း ဖြစ်တယ်လို့ ဆိုပါတယ်။

မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်ဝမ် နဲ့ ဂျပန် ကုန် ပစ္စည်း တွေ လည်း လေကြောင်း နဲ့ ထိုင်း ကို ဖြတ် မြန်မာပြည်ထဲ ၀င်နေကြ လို့ နယ်စပ်က ထိုင်းကုန် ပစ္စည်း ဈေးကွက် တစ်ခုလုံး လာမယ့် နှစ် အနည်းငယ် အတွင်း မှာ ထိခိုက် နိုင်တယ် ဆိုတဲ့ ခန့်မှန်းမှုတွေ လည်း ရှိနေ ပါတယ်။

ဘီဘီစီ သတင်းထောက် ကိုအောင်ကျော်ဦး ပေးပို့ ထားတဲ့ သတင်း အပြည့်အစုံ ကို အောက်က လင့်မှာ နားထောင် နိုင်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

မဲဆောက်-မြ၀တီ ထိုင်း မြန်မာ နယ်စပ် ကုန်သွယ်ရေး ကျဆင်း  မဲဆောက်-မြ၀တီ ထိုင်း မြန်မာ နယ်စပ် ကုန်သွယ်ရေး ကျဆင်း Reviewed by THITHTOOLWIN on 08:04 Rating: 5
Powered by Blogger.