နိုင်ငံရေးအကျဉ်းသား ၃၃ ဦး လွတ်မြောက်





နိုင်ငံတော်သမ္မတအမိန့်နဲ့ အကျဉ်းထောင်တွေက အကျဉ်းသား ၁၀၁ဦးကို ဒီကနေ့လွှတ်ပေးရာမှာ နိုင်ငံရေး အကျဉ်းသား ၃၃ ဦးပါတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောပါတယ်။

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်က လွတ်လာသူ အကျဉ်းသား ၂၅ ယောက်ရှိပြီး နိုင်ငံရေးအကျဉ်းသားက ၂၀ ပါတယ်လို့ သိရပါတယ်။ အဲဒီ့အထဲမှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအရေးကြောင့် ပုဒ်မ ၁၈နဲ့ ထောင်ကျခဲ့တဲ့ ဦးဘမြင့်၊ ဦးစိုးဌေး၊ ဦးဌေးအောင် စတဲ့သူတွေနဲ့ မိကျောင်းကန် ဆန္ဒပြမှုကြောင့် အကျဉ်းကျခံရသူ ၁၃ ဦးလည်းပါဝင်ပြီး ပုဒ်မ ၁၇ (၁) နဲ့ အဖမ်းခံရတဲ့သူ ၂ ယောက်အပြင် MDCF ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ၂ ယောက် စုစုပေါင်း ၂၀ ဟာ အင်းစိန်ထောင်က လွတ်မြောက်ခဲ့ပါတယ်။

အင်းစိန်ထောင်က လွတ်လာသူတွေထဲမှာ ဗုဒ္ဓဘုရားပုံကို နားကြပ်တပ်ပြီး ကြော်ငြာခဲ့တဲ့ V Gastro Bar ပိုင်ရှင် ၂ ဦး နဲ့ နယူးဇီလန်နိုင်ငံသား တစ်ဦးလည်း လွတ်မြောက်လာပါတယ်။

Photo: Kyaw Lwin Oo/RFA
RFA Burmese
https://www.facebook.com/RFA-Burmese
နိုင်ငံရေးအကျဉ်းသား ၃၃ ဦး လွတ်မြောက်  နိုင်ငံရေးအကျဉ်းသား ၃၃ ဦး လွတ်မြောက် Reviewed by THITHTOOLWIN on 12:06 Rating: 5
Powered by Blogger.