လှိုင်သာယာမြို့နယ်အတွင်း ဓားလက်နက်များ ကိုင်ဆောင်ကာ မူးယစ်ရမ်းကားနေသူများကို ဖမ်းဆီးအရေးယူ


လှိုင်သာယာမြို့နယ်အတွင်း လမ်းမပေါ်တွင်ဝိုင်းဖွဲ့၍ အရက်သေစာ သောက်စားပြီး မူးယစ်ရမ်းကားနေသူများထံမှ ဓားလက်နက်များ တွေ့ရှိသဖြင့် ဖမ်းဆီးအရေးယူ

ရန်ကုန်၊ ဇန်န၀ါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ရဲအကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူ ဌာနစုမှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်တွင် လူဆိုး လူမိုက်များမှ အုပ်စုဖွဲ့၍ မူးယစ်ဆေးဝါးရောင်းချခြင်း၊ လောင်းကစားဝိုင်းများပြုလုပ်နေခြင်း၊ အုပ်စုဖွဲ့အနိုင်ကျင့်ခြင်းများ ပြုလုပ်နေကြောင်းသတင်းအရ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာစေနိုင်သဖြင့် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်များအတွင်း သတင်းရယူစုံစမ်းဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀.၁.၂၀၁၆ ရက်နေ့ ၀၀၁၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် လှိုင်သာယာ မြို့နယ်နေသူများဖြစ်သည့် ရဲလေး(ခ)ရဲမင်းထွန်း၊ (၃၇)နှစ်၊ ထွန်းထွန်းဝင်း၊
(၁၉)နှစ်၊ ငပိန်(ခ)စိုးနိုင်ထွန်း၊ (၁၉)နှစ်နှင့် ကိုနိုင်(ခ)သန်းနိုင်၊ (၂၇)နှစ်တို့ (၄)ဦးမှ ၀ိုင်းဖွဲ့၍ အရက်သေစာများသောက်စားနေပြီး မူးယစ်ရမ်းကားနေသည်ကို တွေ့ရှိရသဖြင့် ထိန်းသိမ်းစစ်မေးခဲ့ပါသည်။

၎င်းတို့အားစစ်မေးခဲ့ရာ ရဲလေး(ခ)ရဲမင်းထွန်း၏ခါးကြားမှ အရိုးအသွား (၁)ပေခန့်ရှိ ဓားဦးချွန်(၁)ချောင်း နှင့် တိတ်ပတ်ထားသော ဓားအိမ်(၁)ခု၊ ထွန်းထွန်းဝင်း၏ခါးကြားမှ အရိုးအသွား(၁၇)လက်မခန့်ရှိ သစ်သားရိုးတပ်နှစ်ဖက်သွားဓားဦးချွန်(၁)ချောင်းနှင့် သစ်သားဓားအိမ်(၁)ခု၊ ငပိန်(ခ) စိုးနိုင်ထွန်း၏ခါးကြားမှ အရိုးအသွား(၁)ပေခန့်ရှိ နှစ်ဖက်သွားဓားဦးချွန်(၁)ချောင်းနှင့် တိတ်ပတ်ထားသောဓားအိမ် (၁)ခု၊ ကိုနိုင်(ခ)သန်းနိုင်၏ ခါးကြားမှ အရိုးအသွား(၁)ပေခန့်ရှိ ဓားဦးချွန်(၁)ချောင်းနှင့် သစ်သားဓားအိမ်(၁)ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

ယင်းသို့ ဓားလက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ရဲလေး(ခ)ရဲမင်းထွန်းပါ(၄)ဦးတို့အား လှိုင်သာယာမြို့မရဲစခန်းတွင် လက်နက်များအက်ဥပဒေ ပုဒ်မ-၁၉(င) ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
လှိုင်သာယာမြို့နယ်အတွင်း ဓားလက်နက်များ ကိုင်ဆောင်ကာ မူးယစ်ရမ်းကားနေသူများကို ဖမ်းဆီးအရေးယူ  လှိုင်သာယာမြို့နယ်အတွင်း ဓားလက်နက်များ ကိုင်ဆောင်ကာ မူးယစ်ရမ်းကားနေသူများကို ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 05:33 Rating: 5
Powered by Blogger.