ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ် ၉ ရပ်ကွက် သင်္ဘောကျင်းရှိ ပွင့်ဦးဒေါက်တွင် ဒေါက်တင်ထား သည့် သင်္ဘောများ ဇန်န၀ါရီ ၂၁ ရက်နေ့ မနက် ၉း၀၀ နာရီခန့်တွင် မီးလောင်မှုကြောင့် သင်္ဘောငါးစီး ပျက်စီးဆုံးရှုံး သွားကြောင်း သိရှိရသည်။
ပွင့်ဦးသင်္ဘောကျင်း ဒေါက်တွင် ပြင်ဆင်နေသည့် ပြည့်စုံကြွယ်ဝ (သံကိုယ်ထည်) သင်္ဘောအား ၀မ်းဗိုက်အတွင်း ဂဟေဆော်နေစဉ် မီးပွားများက အနီးရှိ ဆိုဖာခုံများသို့ လွင့်စင်ပြီး စတင်မီးလောင်ကျွမ်းခဲ့ရာ အနီးတွင် ဒေါက်တင်ရန် ပြင်ဆင်နေသော ကျွန်းလေး-၃ (သစ်သားကိုယ်ထည်)၊ အောင်သရဖူ (သစ်သားကိုယ်ထည်) တို့မှာ ကိုယ်ထည်တစ်ခုလုံး မီးလောင်ကျွမ်း ပျက်စီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မီးစတင် လောင်ကျွမ်းခဲ့သော ပြည့်စုံကြွယ်ဝ (သံကိုယ်ထည်)နှင့် ပုသိမ်သူ- ၅ (သံကိုယ်ထည်) ကိုယ်ထည်အတွင်းပိုင်း အားလုံး မီးလောင်ပျက်စီးခဲ့ပြီး ရွှေချမ်းသာ (သစ်သားကိုယ်ထည်) မှာ တစ်ခြမ်း မီးလောင်ကျွမ်းသွားကြောင်း သဘောင်္ကျင်း နယ်မြေရဲစခန်းမှ သိရသည်။
“သံဂဟေဆော်တဲ့ အဖွဲ့ခေါင်းဆောင် ငြိမ်းချမ်းကို မီးလောင်မှုကြောင့် ပုဒ်မ ၂၈၅နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်သွားမှာပါ။ သူကလည်း ဒီရပ်ကွက်မှာ နေထိုင်တဲ့သူ တစ်ယောက်ပါ” ဟု သဘောင်္ကျင်း နယ်မြေ ရဲစခန်းမှူး ရဲအုပ်ခင်မောင်ဝင်းကပြောသည်။
အဆိုပါ မီးလောင်မှုကို ပုသိမ်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင် ငါးဆယ်ဦး၊ ရပ်ကွက်နေ ပြည်သူများနှင့် အတူ လှိုင်ထိပ်ထား သဲကျောက်သယ် သင်္ဘောမှ ရေကြောင်းမှနေပြီး ကူညီငြှိမ်းသတ်ခဲ့ပြီး နံနက် ၁၀း၀၀ နာရီ အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။
“သင်္ဘောဒေါက်ပိုင်ရှင်က ဦးမောင်မောင်ကြည်ပါ။ သင်္ဘောတွေ မီးအာမခံ ထား မထားကတော့ သူလာမှ သိရမှာပါ။ ကျပ်သိန်းပေါင်း ၁၆၀ ဖိုးခန့် ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ခန့်မှန်းထားပါတယ်” ဟု ဧရာဝတီတိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုမီးလောင်မှုသည် ပုသိမ်မြို့တွင် ၂၀၁၆ ခုနှစ်အစ ဒုတိယ အကြိမ်မြောက် မီးလောင်မှု ဖြစ်ပြီး ဇန်န၀ါရီလ ၉ ရက်နေ့ကလည်း Royal Lake ပန်းခြံအတွင်းမှ ၀န်ထမ်းတန်းလျားလေးခု ၀ါယာရှော့မီးကြောင့် လောင်ကျွမ်း ပျက်စီးခဲ့ကြောင်း သိရသည်။
သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
ပုသိမ်မြို့ သင်္ဘောကျင်းတွင် သံဂဟေဆော်ရာမှ တစ်ဆင့် မီးလောင်မှုကြောင့် သင်္ဘော ငါးစီးပျက်စီး ဆုံးရှုံး
Reviewed by THITHTOOLWIN
on
22:01
Rating: