တစ်နှစ်ထက် တစ်နှစ် ယာဉ်မတော်တဆ ၊ လူသေဆုံးမှုများ ပိုများလာပြီး ၂၀၁၅ ခုနှစ်အတွင်း လူပေါင်း ၄,၂၃၃ ဦး သေဆုံးခဲ့

ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- Yangon Traffic Police Facebook)
    ရန်ကုန် ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

    တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယာဉ်မတော်တဆမှု ၊ လူသေဆုံးမှုများမှာ နှစ်အလိုက် စာရင်းများအရ တစ်နှစ်ထက် တစ်နှစ် ပိုများလာပြီး ၂၀၁၅ ခုနှစ် တစ်နှစ်လုံးတွင် နေပြည်တော် ကောင်စီ နယ်မြေ အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်များ၌ ယာဉ်မတော်တဆမှုပေါင်း ၁၅၃၀၆ မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၄,၂၃၃ ဦး သေဆုံးခဲ့ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့ မှသိရသည်။

နှစ်အလိုက် စာရင်းများအရ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ၂၀၁၁ ခုနှစ်တွင် ယာဉ် မတော်တဆမှု ၉,၇၆၂ မှု ဖြစ်ပွားပြီး သေဆုံးသူ ၂,၈၁၁ ဦး ၊ ၂၀၁၂ ခုနှစ်တွင် ၁၁,၆၄၉ မှု ၊ သေဆုံးသူ ၃,၃၂၆ ဦး ၊ ၂၀၁၃ ခုနှစ်တွင် ၁၃,၉၀၇ မှု ၊ သေဆုံးသူ ၃,၆၁၂ ဦး ၊ ၂၀၁၄ ခုနှစ်တွင် ၁၄,၇၈၁ မှု ၊ သေဆုံးသူ ၄,၁၆၃ ဦး ရှိခဲ့ရာ ယာဉ်မတော်တဆမှုများနှင့် သေဆုံးသူ ဦးရေသည် တစ်နှစ်ထက် တစ်နှစ် ပိုပြီး များလာခဲ့ကြောင်း သိရသည်။

ထိုအတူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ အင်အား ၂,၇၃၆ ဦးဖြင့် ယာဉ်မတော်တဆမှု ဖြစ်စဉ်များ လျော့နည်းရန် ပညာပေးခြင်း ၊ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း စစ်ဆေးခြင်း ၊ စည်းကမ်း ဖောက်ဖျက်သည့် ယာဉ်များကို အရေးယူခြင်း ၊ လူစည်ကားရာ နေရာများနှင့် မော်တော်ယာဉ် အသုံးပြုမှု များပြားသည့် လမ်းများတွင် ယာဉ်ကြော ရှင်းလင်းခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 (Xinhua)
http://www.xinhuamyanmar.com
တစ်နှစ်ထက် တစ်နှစ် ယာဉ်မတော်တဆ ၊ လူသေဆုံးမှုများ ပိုများလာပြီး ၂၀၁၅ ခုနှစ်အတွင်း လူပေါင်း ၄,၂၃၃ ဦး သေဆုံးခဲ့  တစ်နှစ်ထက် တစ်နှစ် ယာဉ်မတော်တဆ ၊ လူသေဆုံးမှုများ ပိုများလာပြီး ၂၀၁၅ ခုနှစ်အတွင်း လူပေါင်း ၄,၂၃၃ ဦး သေဆုံးခဲ့ Reviewed by THITHTOOLWIN on 14:43 Rating: 5
Powered by Blogger.