ပီနန်း မြန်မာနိုင်ငံသားများအား သတ်သည့် တရားခံ ၉ ဦးအား လူသတ်မှုဖြင့် အပြစ်ရှိကြောင်း အမိန့်ချ


လွန်ခဲ့သည့် ၂၀၁၄ တစ်နှစ်အတွင်း ပီနန်းတွင် မြန်မာနိုင်ငံသား ၁၈ ဦး အသတ်ခံရပြီးချိန်အထိ ဖမ်းဆီးရ မိသော တရားခံ များအနက်မှ လူသတ်မှုနှင့် သက်ဆိုင်သော ပထမ တရားခံ ၉ ဦးအား ပြစ်ဒဏ်များ ချမှတ်လို က်ကြောင်း ဇန်န၀ါရီလ ၄ ရက်နေ့ထုတ် မလေးရှား သတင်းစာမျက်နှာများတွင် ဖော်ပြထားကြောင်း သတင်းရရှိသည်။

တရားခံ ၉ ဦးမှာ ဘိုင်လေးမိုဟာမက်ဂူလမ် (၂၈ နှစ် နှစ်) ၊ မိုဟာမက်ရဖစ် (၂၈ နှစ်) ၊ ဟာဘီဘူလာ (၂၀ နှစ်) ၊ မိုဟာမက်ရဖီရှဖီး (၂၇ နှစ်) ၊ ရာစင် (၂၃ နှစ်) ၊ ဟူစိန်စွလေး (၄၄ နှစ်) ၊ စိုးမောင်မောင် (၂၇ နှစ်) ၊ အလီ (၃၃ နှစ်) ၊ ဟာဖစ်အာမက် (၂၈ နှစ်) တို့ဖြစ်ကာ တရားမဝင် လူစုဖွဲ့ကာ မျိုးအောင် နှင့် အခြား မြန်မာတစ်ဦးအား နိုဝင်ဘာ ၂၃ တွင် သတ်ဖြတ်မှု ကြောင့် လူသတ်မှုဖြင့် အမိန့် ချမှတ်ခံရသူများဖြစ်သည်။

ထို ၉ ဦးထဲမှ မိုဟာမက်ရဖစ် ၊ ဘိုင်လေးမိုဟာမက်ဂူလမ် နှင့် ဟာဖစ် အာမက် တို့ ၃ ဦးအား အခြား မြန်မာနိုင်ငံသား နောက်ထပ် ၃ ဦးအား သတ်ဖြတ် မှုဖြင့် ၂ မှုတွဲ အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူသတ်တရားခံ ၃ ဦး၏ ပထမ လူသတ်မှုဖြစ်သော ၂၀၁၄ အောက်တိုဘာ ၁၅ တွင် Taman Impian Ria, Machang Bubok ရှိ စားသောက်ဆိုင်ရှေ့တွင် ထူးအောင်အား သတ်ဖြတ်မှု အတွက်ပါ လူသတ်မှု ပစ်ဒဏ်ခံရမည်ဟု ဖော်ပြပါရှိသည်။


၎င်းတို့ ၃ ဦး နှင့် အလီ တို့ စုစုပေါင်း ၄ ဦး၏ ဒုတိယပြစ်မှု မှာ ကျော်သီဟ နှင့် ထွန်းရင်မောင် တို့အား ၂၀၁၄ စက်တင်ဘာလ ၁၄ ရက်နေ့ တွင် Kampung Manggis ရှိ ဆီအုန်းတော တွင် လူစုဖွဲ့သတ်ဖြတ်မှု့ဖြင့် လူသတ်မှု ပြစ်ဒဏ်ခံရမည်ဖြစ်သည်။

အထက်ဖော်ပြပါ လူသတ်တရားခံ ၉ဦး၏ ပြစ်မှုအားလုံးအတွက် ရာဇဝတ်မှု ပုဒ်မ ၁၄၉ ၊ အပိုဒ်ခွဲ ၃၀၂ အရ လူသတ်မှု ထင်ရှားသောကြောင့် သေစားသေဒဏ်ကျခံရမည်ဖြစ်ကြောင်း ပြစ်မှုအတွက် စွဲချက်များအရ ပြစ်ဒဏ်လျှော့ချရန် အကြောင်းအထောက်အထားမရှိကြောင်းကို ရာဇဝတ်တရားသူကြီး Diannee Ningrad Nor Azahar နှင့် Vijalakshmi တို့ မှ အဆိုပါပစ်ဒဏ်များအတွက် ယခုလ ၃၀ နေ့တွင် အပြီးသတ် ပြစ်ဒဏ် သတ်မှတ်ပေးရန်အတွက် အမိန့်ချမှတ်ခဲ့ကြောင်း မလေးရှား သတင်းစာမျက်နှာများတွင် ဖော်ပြထားကြောင်း သတင်းရရှိသည်။

၂၀၁၄ တစ်နှစ်တည်းအတွင်း လူသတ်မှု ၅၂ မှုရှိခဲ့ကာ မလေးရှားနိုင်ငံသား အသတ်ခံရမှု ၁၈ မှု ၊ အသတ်ခံရသူ ၏ အချက်လက်များကို ဖော်ထုတ်နိုင်သော မြန်မာနိုင်ငံသား အသတ်ခံရမှု ၁၈ မှု ၊ အမည်မသိ ၊ နိုင်ငံသား အဖြစ်မဖော်ထုတ်နိုင်သေးသော အလောင်း ၁၁ လောင်း ကျန်ရှိနေကြောင်း မလေးရဲတပ်ဖွဲ့ ထုတ်ပြန်ခဲ့သည်။

ယခု တရားခံများကြောင့် လူသတ်မှု ၇ မှုကိုသာ ဖော်ထုတ်နိုင်သေးကြောင်းကို ဇန်န၀ါရီလ ၄ ရက်နေ့ထုတ် မလေးရှား နိုင်ငံသတင်းစာမျက်နှာများတွင် ဖော်ပြထားသည်။ ၂၀၁၄ ခုနှစ်၏ နောက်ဆုံး ၃ လအတွင်း မလေးရှားနိုင်ငံ ပီနန်းခရိုင်အ တွင်း လူသတ်မှု ကြောင့် ဦးခေါင်းမပါသော ခန္ဒာကို၂ ခု ၊ ခြေပြတ် ၄ ချောင်း ၊ ဦးခေါင်း ၂ လုံး ၊ လက် ၂ ချောင်း နှင့် လက်ချောင်းပြတ် တစ်ခု တို့ကို စောင်အဖြူများဖြင့် ထုတ်ကာ နေရာအနှံအပြားတွင် ပစ်ထားခဲ့သည်များကို တွေ့ရှိခဲ့ရသည်။

The Ladies News Journal

Ref - မလေးရောက် မြန်မာများ FB
https://www.facebook.com/News.TheLadies
ပီနန်း မြန်မာနိုင်ငံသားများအား သတ်သည့် တရားခံ ၉ ဦးအား လူသတ်မှုဖြင့် အပြစ်ရှိကြောင်း အမိန့်ချ  ပီနန်း မြန်မာနိုင်ငံသားများအား သတ်သည့် တရားခံ ၉ ဦးအား လူသတ်မှုဖြင့် အပြစ်ရှိကြောင်း အမိန့်ချ Reviewed by THITHTOOLWIN on 14:53 Rating: 5
Powered by Blogger.