မန္တလေးခရိုင်မှ ကျောင်းသားသမဂ္ဂအတွင်းရေးမှူး ရဲရင့်ပိုင်မှူးအား ထောင်ဒဏ် ၆လ ချမှတ်


၂၀၁၅ ဒီဇင်ဘာ၂၅ ရက်က ဖမ်းဆီးခံခဲ့ရသည့် ကျောက်ဆည်နှင့် မန္တလေးခရိုင် ကျောင်းသားများ သမဂ္ဂ အတွင်းရေးမှူး ရဲရင့်ပိုင်မှူးအား မန္တလေး၊ အမရပူရမြို့နယ် တရားရုံးမှ ဇန်န၀ါရီ ၂၉ ရက်တွင် ထောင်ဒဏ် ၆ လ ချမှတ်လိုက်ကြောင်း သိရသည်။

ရဲရင်ပိုင်မှူးအား ပုဒ်မ ၁၈ အရ ၃ လ၊ ပုဒ်မ ၅၀၅(ခ)အရ ၆ လနှင့် ပုဒ်မ ၁၄၃ အရ ၃ လဟု ပြစ်ဒဏ်ချမှတ်ခဲ့သော်လည်း တပေါင်းတည်းကျခံရမည်ဖြစ်၍ ၆ လသာ ကျခံရမှာဖြစ်သည်။

၎င်းအပါအ၀င် ကျောင်းသား ၅ ဦးသည် မန္တလေး(ရတနာပုံ)တက္ကသိုလ်ကျောင်း အုတ်နံရံတွင် ၂၀၁၅၊ ဇွန်လ ၂၆ ရက်က ရေးသားခဲ့သည့် စာသားများနှင့်ပတ်သက်ပြီး ပုဒ်မ ၁၈၊ပုဒ်မ ၅၀၅(ခ)၊ ၁၄၃/၁၄၇/၁၁၄ တို့ဖြင့် တရားစွဲခံခဲ့ရခြင်း ဖြစ်သည်။

အဖြူရောင်မှုတ်ဆေးဖြင့်"အပြစ်မဲ့ကျောင်းသားပြည်သူ-လွတ်မြောက်ပါစေ၊အကြမ်းဖက်စစ်အစိုးရ-ကျရှုံးပါစေ၊ ကျောင်းသားများ-နိုင်သည်၊ ၄၃၆ ချက်ချင်းပြင်"စသည့်စာသားများရေးသားခဲ့သည်ဟုဆိုသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မန္တလေးခရိုင်မှ ကျောင်းသားသမဂ္ဂအတွင်းရေးမှူး ရဲရင့်ပိုင်မှူးအား ထောင်ဒဏ် ၆လ ချမှတ်  မန္တလေးခရိုင်မှ ကျောင်းသားသမဂ္ဂအတွင်းရေးမှူး ရဲရင့်ပိုင်မှူးအား ထောင်ဒဏ် ၆လ ချမှတ် Reviewed by THITHTOOLWIN on 17:42 Rating: 5
Powered by Blogger.