လ.ဝ.က ဝန်ကြီးဌာနကို ပြည်ထဲရေး လက်အောက်တွင် ဖွဲ့စည်းရန် သမ္မတ ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာပို့

လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရှိ ဝန်ထမ်းများကို တွေ့ရစဉ် (ဓာတ်ပုံ- လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန)
    ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

    လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာန ၏ ကွပ်ကဲမှုအောက်သို့ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အားဦးစီးဌာန အဖြစ် ထည့်သွင်းဖွဲ့စည်းရန် နိုင်ငံတော် သမ္မတက ယနေ့ ( ဇန်နဝါရီလ ၂၆ ရက်) ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားလိုက်သည်။

အဆိုပါ သမ္မတ၏ သဝဏ်လွှာတွင် လ.ဝ.က ၏ တာဝန်ကို ပိုမို ထိရောက်စွာ ဆောင်ရွက်ရန်၊ ဝန်ကြီးဌာနများ ကျစ်လစ်စွာ ဖွဲ့စည်းရန်၊ ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန်၊ တရားမဝင်ခိုးဝင် ခိုးထွက်များနှင့် ပတ်သက်၍ ဟန်ချက်ညီညီ ဆောင်ရွက်ရန် စသည့် အချက်အပါအဝင် ၅ ချက်ကို ထည့်သွင်း၍ ပေးပို့ထားခြင်းဖြစ်သည်။

ယင်းကိစ္စကို လွှတ်တော် အတွင်းရှိ တိုင်းရင်းသား ပါတီများမှ ကိုယ်စားလှယ်များ နှင့် ဥပဒေကြမ်း ကော်မတီတို့ ပူးပေါင်း ညှိနှိုင်း၍ ပြည်ထောင်စု လွှတ်တော် သို့ တင်ပြ ဆောင်ရွက် ရမည်ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com
လ.ဝ.က ဝန်ကြီးဌာနကို ပြည်ထဲရေး လက်အောက်တွင် ဖွဲ့စည်းရန် သမ္မတ ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာပို့  လ.ဝ.က ဝန်ကြီးဌာနကို ပြည်ထဲရေး လက်အောက်တွင် ဖွဲ့စည်းရန် သမ္မတ ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာပို့ Reviewed by THITHTOOLWIN on 18:43 Rating: 5
Powered by Blogger.