တရားဝင် နေထိုင်ခွင့် လက်မှတ်များရှိသော်လည်း နယ်ကျော်လုပ်မှု ကန့် သတ်ထားသည့် အလုပ်များကို ၀င်ရောက်လုပ်ကိုင်မှု ဖြင့် မြန်မာနိုင်ငံသား များကို စတင်ဖမ်းဆီး



ဇန်န၀ါရီ ၂၅

ထိုင်းနိုင်ငံ တောင်ပိုင်းပြည်နယ်များဖြစ်တဲ့ ပူးကက် နဲ့ ချွန်ဖုံး ခရိုင်အတွင်း မှာ ဆောက်လုပ်ရေး လုပ်ငန်း ခွင်မှာ အလုပ်လုပ် ကိုင်နေကြ တဲ့ မြန်မာ အလုပ်သမား ၃၁ ဦးနဲ့ အတူ ထိုင်းလုပ်ငန်းရှင် ၀ိဆို စွမ်စ၀ပ် အား ရဲတပ်ဖွဲ့ ဝင်များ က ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံသား များဟာ သတ်မှတ်ထားတဲ့ အဆင့် သာ လုပ်ရမယ့် အလုပ်အကိုင် သတ်မှတ်ပေးထားတဲ့ အတိုင်း မလုပ်ဘဲ ထိုင်းနိုင်ငံသားတွေ အတွက်သာ လုပ်ကိုင်ခွင့်ရတဲ့ လုပ်ငန်းတွေမှာ ၀င်ရောက်လုက်နေကြ လို့ ဖြစ် တယ်လို့  ရဲမှူး ကြီးဖတ်ဖုံးစိုင်အူဗွန်ကသတင်းစာရှင်းလင်းရာမှာ ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ လာရောက် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားများအနေနဲ့  သက်ဆိုင်က ခွင့်ပြုထားတဲ့ နယ်မြေကို ကျော်ပြီး တခြားပြည်နယ်တွေမှာ သွားရောက် လုပ်ကိုင်လို့ မရတဲ့အပြင် သတ်မှတ်ပေးထားတဲ့ အောက်ခြေအလုပ် (အိမ်ဖေါ်-ငါးဖမ်စက်လှေ-တောင်ယာခုတ်-အလုပ်ကြမ်း) ကိုသာ လုပ်ကိုင်ခွင့်ရပြီး၊အဆိုပါအလုပ်အကိုင်တွေက နေ တခြားထိုင်း လူမျိုးများ လုပ်ကိုင်နေသည့် အလုပ်များကို ၀င်ရောက်လုပ်ပိုင်ခွင့် မရှိကြောင်းနဲ့  နားလည်မှုနဲ့  လုပ်ပိုင်ခွင့် ပေးထားတာတွေကို တွေ့ ရှိခဲ့ရင် သတင်းပေးကြဘို့  ကို ရဲမှူးက အရေးပေါ်ဖုန်းနံပါတ်နဲ့  ထိုင်းပြည်သူတွေကို တိုက်တွန်းထားကြောင်း ထိုင်းနိုင်ငံ ထုတ် မန်နေဂျာအွန်လိုင်း သတင်းမှာဖေါ်ပြထားပါတယ်။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
တရားဝင် နေထိုင်ခွင့် လက်မှတ်များရှိသော်လည်း နယ်ကျော်လုပ်မှု ကန့် သတ်ထားသည့် အလုပ်များကို ၀င်ရောက်လုပ်ကိုင်မှု ဖြင့် မြန်မာနိုင်ငံသား များကို စတင်ဖမ်းဆီး  တရားဝင် နေထိုင်ခွင့် လက်မှတ်များရှိသော်လည်း နယ်ကျော်လုပ်မှု ကန့် သတ်ထားသည့် အလုပ်များကို ၀င်ရောက်လုပ်ကိုင်မှု ဖြင့် မြန်မာနိုင်ငံသား များကို စတင်ဖမ်းဆီး Reviewed by THITHTOOLWIN on 20:33 Rating: 5
Powered by Blogger.