တစ်အိမ်ထောင် ကလေးတစ်ယောက် ဥပဒေ တရားဝင် အဆုံးသတ်ပြီ


၂၀၁၆ ခုနှစ် စပြီ ဆိုတာနဲ့ တရုတ် နိုင်ငံရဲ့ အငြင်းပွားဖွယ် အဖြစ်ဆုံး ဥပဒေ တစ်ခုဖြစ်တဲ့ တစ်အိမ်ထောင် ကလေးတစ်ယောက်ပဲ ယူဖို့ ကန့်သတ် ထားမှု ဟာ တရားဝင် အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။

၂၀၁၆ ဇန်နဝါရီလ ၁ ရက် နေ့ က စလို့ တရုတ်ပြည်ထဲက အိမ်ထောင်ရှင် လင်မယား တွေ ဟာ ကလေး နှစ်ယောက် ယူခွင့် ရှိလာပြီ ဖြစ်ပါတယ်။

အစာရေစာ ငတ်မွတ် ခေါင်းပါးတဲ့ ကာလတွေ မှာ ကလေးယူတာဟာ ကျွေးစရာ ပါးစပ်ပေါက် တစ်ပေါက် တိုးလာတဲ့ အနေနဲ့ ရှုမြင်ခဲ့ကြတဲ့ အချိန် ၁၉၇၉ ခုနှစ်မှာ တစ်အိမ်ထောင် ကလေးတစ်ယောက် ဥပဒေကို တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ တရုတ် အာဏာပိုင်တွေက ပြဌာန်း ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ့ စည်းကမ်းကို ချိုးဖောက် ခဲ့တဲ့ အမျိုးသမီးတွေ ကို အရေးယူ ခဲ့ပြီး ဥပဒေကို ချိုးဖောက်ပြီး မွေးခဲ့ကြတဲ့ သန်းပေါင်း များစွာသော ကလေးငယ် တွေ လည်း တရားဝင် မှတ်ပုံတင် စာရင်းသွင်း နိုင်ခြင်း မရှိပဲ ဖြစ်ခဲ့ရပါတယ်။

အခုအခါမှာတော့ တရုတ် နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကလေး မွေးဖွားနှုန်း အနိမ့်ဆုံး နိုင်ငံတွေထဲ ပါဝင်နေသလို သက်ကြီးရွယ်အို အချိုးအစားလည်း များပြားနေပါတယ်။

ဒါ့ကြောင့် တရုတ်ပြည် စီးပွားရေး ဆက်လက် ဖွံ့ဖြိုး တိုးတက် နိုင်ဖို့ လူငယ်လူရွယ်တွေ ပိုမို လိုအပ် နေပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
တစ်အိမ်ထောင် ကလေးတစ်ယောက် ဥပဒေ တရားဝင် အဆုံးသတ်ပြီ  တစ်အိမ်ထောင် ကလေးတစ်ယောက် ဥပဒေ တရားဝင် အဆုံးသတ်ပြီ Reviewed by THITHTOOLWIN on 12:53 Rating: 5
Powered by Blogger.