အုတ်လုပ်ရန်တူးထားသော ရေကန်ထဲတွင် အမျိုးသားတစ်ဦးရေနစ်သေဆုံး


ရန်ကုန်တိုင်းဒေသကြီး တိုက် ကြီးမြို့နယ် ဂျိုးဖြူအုပ်စု သရက် ကုန်းကျေးရွာတွင် ယမန်နေ့ မွန်းလွဲ ၂နာရီ ၄၅ မိနစ်က အမျိုးသားတစ် ဦးရေနစ်သေဆုံးကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက တိုက်ကြီးမြို့မ စခန်းသို့ သတင်းပေးပို့ခဲ့သည်။

ဖြစ်စဉ်မှာ တိုက်ကြီးမြို့မစခန်း မှူးရဲအုပ်ကြည်စိုးသန့်၊ တာဝန်မှူး ဒုရဲအုပ် မင်းအောင်၊ရဲတပ်ကြပ်ကြီး ခင်မောင်ထွန်း၊ သက်သေ ဂျိုးဖြူ အုပ်စုအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကိုသန်းဝင်းအုတ်ကွင်းသို့ သွား ရောက်စစ်ဆေးရာ သေဆုံးသူမှာ ဦးဖိုးဝင်းတင်(၆၅နှစ်) (ဘ) ဦးဖိုး ဆောင် အုတ်လုပ်သားရှားဖြူကုန်း ကျေးရွာ ကြို့ပင်ကောက်မြို့နေသူ ဖြစ်ကြောင်း သိရသည်။

သေဆုံးသူသည်အရက်အလွန် အကျွံသောက်တတ်ပြီး ယခုလ ၂၆ ရက် မွန်းလွဲ ၁ နာရီက ပျောက် ဆုံးရာမှ လိုက်လံရှာဖွေရာ မတွေ့ ရှိဘဲ ယခုလ ၂၈ရက် မွန်းလွဲ၂ နာရီခွဲတွင် ပိုင်ရှင်ဦးသန်းဝင်းက အုတ်ကွင်းအတွင်းလိုက်လံကြည့် ရှုစစ်ဆေးရာ အုတ်ကွင်းအတွင်းရှိ အုတ်လုပ်ရန် မြေတူးထားသော အကျယ်၁ဝ ပေ ပတ်လည် အနက် ၁၂ပေရှိ ရေကန်ထဲတွင် မှောက် လျက်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရ သဖြင့်တိုက်ကြီးဆေးရုံသို့တင်ပို့ရာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိ သဖြင့်ဓမ္မတာအတိုင်းဟုတ်၊မဟုတ် သေမှုသေခင်းဖွင့်၍တိုင်ကြားခဲ့သည်။

ထွန်းလှိုင်(မြိုင်)
The Union Daily
http://uniondaily.net
အုတ်လုပ်ရန်တူးထားသော ရေကန်ထဲတွင် အမျိုးသားတစ်ဦးရေနစ်သေဆုံး  အုတ်လုပ်ရန်တူးထားသော ရေကန်ထဲတွင် အမျိုးသားတစ်ဦးရေနစ်သေဆုံး Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.