အန္တာတိတ် ရေခဲပြင်သို့ တစ်ကိုယ်တည်း ခြေကျင်လျှောက် ခဲ့သူ မိုင်ပေါင်းများစွာ ခရီးနှင်ခဲ့ပြီးနောက် သေဆုံး


လန်ဒန် ၊ ၂၇-၁-၂၀၁၆

အန္တာတိတ် ရေခဲပြင်သို့ အကူအညီ အထောက်အပံ့ မပါဘဲ ပထမဆုံး တစ်ကိုယ်တည်ြး ဖတ်သန်းနိုင်သူ အဖြစ် စံချိန်တင်ရန် ကြိုးပမ်းခဲ့သည့် ဗြိတိန်နိုင်ငံမှ စူးစမ်း လေ့လာသူတစ်ဦး သည် မိုင်ပေါင်းများစွာ ခရီးနှင် ခဲ့ပြီးနောက် ခရီးဆုံးသို့ ရောက်လုနီးတွင် အားအင် ကုန်ဆုံး၍ လဲကျ သေဆုံးခဲ့ကြောင်း သိရသည်။

ဗြိတိန်စစ်ဘက်မှ အရာရှိဟောင်း ဟန်နရီ ဝေါစလီ သည် အဆိုပါ ရေခဲပြင်သို့ မိုင် ၁ဝဝဝ ခန့် ခြေကျင် လျှောက်ခဲ့ပြီး ဇန်နဝါရီ ၂၂ ရက်က ပန်းတိုင် မရောက်မီ အကွာအဝေး မိုင် ၃ဝ ခန့်တွင် လေကြောင်း အကူအညီ တောင်းဆို ခဲ့ပြီးနောက် လဲကျခြင်း ဖြစ်သည်။


မိမိသည် အကွာအဝေးမိုင် ၉ဝဝ ခန့်ကို ရက်ပေါင်း ၇၁ ရက်ကြာ လျှောက်လှမ်းခဲ့ ရပြီး ယင်းကဲ့သို့ လျှောက်လှမ်းစဉ် မိမိ၏ အားအင်များမှာ တဖြည်းဖြည်း ကုန်ဆုံး လာခဲ့ကြောင်း နှင့် မိမိမျှော်မှန်း ထားသည့် ပန်းတိုင်ကို ရောက်ရန်အတွက် အလွန် နီးကပ်လာပြီ ဖြစ်ကြောင်း ဝေါစလီ ရေးသားပြုစု ခဲ့သည့် ၄င်း၏ ခရီးသွားမှတ်တမ်း အရ သိရသည်။

ဝေါစလီ သည် လွန်ခဲ့သည့် ရာစုနှစ်အတွင်း က တောင်ဝင်ရိုးစွန်းမှ တစ်ဆင့် အန္တာတိက သို့ သွားရောက်ခဲ့သည့် အာနက်စ်ရှခ်လီတွန် ၏ ကြိုးပမ်းချက်ကို ပြီးမြောက်အောင် လုပ်ဆောင်ရန် အတွက် ၄င်းဒေသသို့ ယခုကဲ့သို့  တစ်ကိုယ်တည်း လမ်းလျှောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက် ၅၅ နှစ်အရွယ်ရှိ ဝေါစလီ သည် ဝမ်းတွင်း အမြှေးရောင်သည့် ဗက်တီးရီးယားပိုး တစ်မျိုး ကူးစက်ခံ ရသောကြောင့် ချီလီနိုင်ငံ ပန်တာအေရီနက်စ် မြို့ရှိ ဆေးရုံ၌ ခွဲစိတ်ကုသမှု ခံယူပြီးနောက် တစ်ရက် အကြာတွင် ကိုယ်အင်္ဂါ လှုပ်ရှားမှုများ ရပ်ဆိုင်း၍ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ၄င်း၏ မိသားစုဝင်များက ဇန်နဝါရီ ၂၅ ရက်တွင် ပြောကြားသည်။

PyiChitThar
http://www.pyichitthar.com
အန္တာတိတ် ရေခဲပြင်သို့ တစ်ကိုယ်တည်း ခြေကျင်လျှောက် ခဲ့သူ မိုင်ပေါင်းများစွာ ခရီးနှင်ခဲ့ပြီးနောက် သေဆုံး  အန္တာတိတ် ရေခဲပြင်သို့ တစ်ကိုယ်တည်း ခြေကျင်လျှောက် ခဲ့သူ မိုင်ပေါင်းများစွာ ခရီးနှင်ခဲ့ပြီးနောက် သေဆုံး Reviewed by THITHTOOLWIN on 05:44 Rating: 5
Powered by Blogger.