ထိုင်းကောင်းကင်က အလင်းတန်းနဲ့ ဗီယက်နမ်မှာကျတဲ့ပေါက်ကွဲမှု ရုရှားရဲ့ ဒုံးပျံအစိတ် အပိုင်းဟု ပညာရှင်များဆို

ဓါတ်ပုံ- ဗီယက်နမ်နိုင်ငံတွင် ကောင်းကင်မှ ကျလာသော အစိပ်အပိုင်း
ဂျန္နဝါရီလ ၄ ရက် ၂၀၁၆

ပြီးခဲ့တဲ့ ဂျန္နဝါရီလ ၂ ရက်နေ့ ထိုင်းနိုင်ငံက ခရိုင် ၂ ခုမှာ ကောင်းကင်မှာ ထူးဆန်း ဖွယ် အလင်းတန်းကြီးတခုကိုတွေ့ရလို့ ဥက္ကာပျံကြီးကျ လာလေမ လားဆိုပြီး ပြည်သူလူထုက စိုးရိမ်ထိတ်လန့်မှုတွေနဲ့အထူးအဆန်းကြီးသဖွယ် သတင်းတွေ စောင့်ကြည့်နားထောင် ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ အာကာသ သုတေသနဌာနကတော့ အဲတာဟာ ကမ္ဘာပတ်လမ်း ထဲကိုရောက် ရှိလာတဲ့ ဒုံးပျံရဲ့ အစိတ်အပိုင်းတခုဖြစ်နိုင်တယ် လို့ကြေငြာပါတယ်။ တချို့ကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်က ပစ်ခတ်ခံရတဲ့ ရုရှားရဲ့ ဒုံးပျံဖြစ်နိုင်တယ် လို့ဆိုပါတယ်။

ထိုင်းနိုင်ငံ လွေးခရိုင် ဆုခိုထိုင်းခရိုင်နဲ့ လမ်းပန်းခရိုင် ဒေသခံတွေက အဲဒီအလင်း တန်း ကိုတွေ့ရတဲ့နေ့မှာဘဲ ဗီယက်နမ်နိုင်ငံထဲမှာလဲ ကောင်း ကင်ကနေ အရာဝတ္ထုကြီး ကျ ရောက်ပေါက်ကွဲတာ အချိန်သိပ်မကွာဘူး လို့ထိုင်းနိုင်ငံက သတင်းမီဒီယာတွေက ထုတ်ပြန်ပြောဆိုပါတယ်။

ဗီယက်နမ်နိုင်ငံ Tuyen Quang နဲ့ Yen Bai မြို့တို့မှာ ကောင်းကင်ယံက ကျလာပြီး ပေါက်ကွဲတဲ့အရာဟာ ရုရှားလုပ် ဒုံးပျံ ရဲ့အစိတ်အပိုင်း ၂ ခု ဖြစ်နိုင်နိုင်တယ်လို့ သတင်း တွေမှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ သံလုံးကြီး ၂ ခုမှာ ရုရှားစာပါတွေ့ရပြီးတော့ SL-23 ဒုံးပျံ ရဲ့အစိတ်အပိုင်းဖြစ်တယ်လို့ လည်းပါရှိပါတယ်။ တခုက အချင်း ၈၀ စင်တီမီတာ အလေး ချိန် ၃၅ ကီလိုဂရမ်ရှိပြီး၊ ကျန်တခုက အချင်း ၄၀ စင်တီမီတာ အလေးချိန် ၅ ကီလိုဂရမ်ရှိ တယ်လို့ ဗီယက်နမ်နိုင်ငံက သတင်းထုတ်ပြန်ပါတယ်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
ထိုင်းကောင်းကင်က အလင်းတန်းနဲ့ ဗီယက်နမ်မှာကျတဲ့ပေါက်ကွဲမှု ရုရှားရဲ့ ဒုံးပျံအစိတ် အပိုင်းဟု ပညာရှင်များဆို   ထိုင်းကောင်းကင်က အလင်းတန်းနဲ့ ဗီယက်နမ်မှာကျတဲ့ပေါက်ကွဲမှု ရုရှားရဲ့ ဒုံးပျံအစိတ် အပိုင်းဟု ပညာရှင်များဆို Reviewed by THITHTOOLWIN on 00:43 Rating: 5
Powered by Blogger.