မြန်မာကို ထိုင်းမှတ်ပုံတင်အတု လုပ်ပေးသူကို ဖမ်းဆီး


ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၈ရက်နေ့ ၂၀၁၆ခုနှစ် နံနက် ၁၁နာရီခွဲလောက်မှာ ထိုင်းနိုင်ငံ နောင်ခိုင်ခရိုင် ဆန်ခုံမြို့နယ်မှာ မြန်မာပြည်သားတွေကို ထိုင်းနိုင်ငံသားမှတ်ပုံတင်လုပ်ပေးနေသော ပွဲစားအဖွဲ့နှင့် မြို့နယ်ညွန်ကြားရေးမှူးအပါအ၀င် စုစုပေါင်း ၂၃ဦးကို ရာဇ၀တ်မှု နှိမ်နှင်းရေးအဖွဲ့က တရားရုံးမှာ ဖမ်းဝရမ်းထုတ်ပြီး လိုက်လံဖမ်းဆီးမှုပြုလုပ်နေပါတယ်။

လက်ရှိမှာ ၂၁ယောက် ဖမ်းဆီးရမိပြီဖြစ်ပြီး ကျန် ၂ယောက်ကတော့ နိုင်ငံခြားသို့ထွက်ပြေးတိမ်းရှောင်နေတယ်လို့သိရပါတယ်။

၎င်းပွဲစားအဖွဲ့သည် မြန်မာပြည်သားတွေသာမက တရုတ်တွေကိုလည်းလုပ်ပေးနေပါတယ်။ တစ်ဦးကို ဘတ်ငွေ ၃၀၀၀၀၀ မှ ၅၀၀၀၀၀ အထိယူပါတယ်။

ဒီလိုလုပ်လာတာလည်း နှစ်ပေါင်းအတော်ကြာခဲ့ပြီလို့ စစ်ဆေးမေးမြန်းချက်အရသိရပါတယ်။

လုပ်ပုံလုပ်နည်းအဆင့်ဆင့်ကတော့ ပွဲစားအဖွဲ့က ကျေးရွာအသီးသီးတွေကို မည်သူမည်ဝါသေဆုံးခဲ့တယ်ဆိုတာကို လိုက်စုံစမ်းပြီး မိသားစုထဲမှာတစ်ဦးတယောက် သေဆုံးခဲ့သူကို စာရင်းပေးပါက ဘတ်ငွေ ၁၀၀၀၀ မှ ၂၀၀၀၀ အထိပေးပြီး ဒေသခံ ရွာသူကြီးကို လာဘ်ထိုးပြီးအာမခံခိုင်းကာ မြို့နယ်ညွန်ကြားရေးမှူးထံသို့ဆက်သွယ်လာဒ်ထိုး၍ ၎င်းလူသေအစား နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံ မှတ်ပုံတင်ထုတ်ပေးဌာနက လ၀ကရုံးမှာမဟုတ်ပဲ မြို့နယ်ရုံးမှာထုတ်ပေးတာဖြစ်ပါတယ်။ ဤအမှုကို အကျယ်ချဲ့ပြီး ထိုင်းနိုင်ငံအသီးသီးမှာရှိတဲ့ မှတ်ပုံတင်အတုပွဲစားဂိုဏ်းတွေနှင့်တကွ ငွေပေးပြီးထိုင်းနိုင်ငံသားမှတ်ပုံတင်လုပ်ခိုင်းနေသော မြန်မာ နှင့်တရုတ်တိုကိုလည်း လိုက်လံဖမ်းဆီးပြီး ဥပဒေအရထိရောက်စွာ အရေးယူသွားမယ်လို့ ပြောသွားပါတယ်။

MTF Channel
https://m.facebook.com/mtftv
မြန်မာကို ထိုင်းမှတ်ပုံတင်အတု လုပ်ပေးသူကို ဖမ်းဆီး  မြန်မာကို ထိုင်းမှတ်ပုံတင်အတု လုပ်ပေးသူကို ဖမ်းဆီး Reviewed by THITHTOOLWIN on 14:47 Rating: 5
Powered by Blogger.