တိုက်ကြီးမြို့နယ် လူသန့်အင်းကျေးရွာအနီး ဆင်ဝင်ရောက်ကာ စပါးခင်းများဖျက်ဆီး


တိုက်ကြီး ဇန်နဝါရီ ၇

တိုက်ကြီးမြို့နယ် မင်္ဂလာရပ်ကွက် လူသန့်အင်းကျေးရွာအနီးတွင် ဇန်နဝါရီ ၅ ရက်က ဆင်တစ်ကောင်ဝင်ရောက်နေကြောင်း သိရသည်။ အဆိုပါဆင်သည် လွန်ခဲ့သော သုံးရက်ခန့်မှစပြီး ဂျိုးဖြူ-ရန်ကုန် ရေပေးဝေသောပိုက်လုံးကိုကျော်၍ ဂျီအီးတပ်၊ စိတ္တသုခ ကျောင်းအနီးမှဖြတ်၍ လူသန့်အင်းကျေးရွာအနီးရှိ ဘန့်ဘွေးကုန်းတဲတိုက်သို့ ရောက်ရှိကာ စပါးခင်းများဝင်ရောက်စားသောက်ဖျက်ဆီးပြီး ပုံထားသော ကောက်လှိုင်း ပုံများမှ စပါးများကို စားသောက်နေထိုင်လျက်ရှိကြောင်း သိရသည်။

၎င်းဆင်သည် လူကိုအန္တရာယ်မပြုသော်လည်း ဦးကျော်အေးပိုင်စပါးရိတ်ပြီး ပုံထား သောစပါးများကို စားသောက်သဖြင့် စပါးတင်း ၁ဝဝ ခန့်ဆုံးရှုံးသွားသည့်အပြင် ဦးကျော်အေးငှားရမ်းထားသော လှည်းတစ်စီးကိုလည်းရိုက်ချိုးပစ်ပြီး အနီးရှိ ပန်းစိုက်ခင်းများမှ ရေပိုက်များကိုလည်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ယခုအခါ အနီးအနားတွင် နေထိုင်ကြသော မိသားစုဝင်များအားလုံး ဆင်အန္တရာယ်ကြောက်၍ စိုက်ခင်းများကိုပစ်ကာ ရွာထဲသို့ ပြောင်းရွှေ့နေကြောင်း သိရသည်။

ထွန်းလှိုင်(မြိုင်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
တိုက်ကြီးမြို့နယ် လူသန့်အင်းကျေးရွာအနီး ဆင်ဝင်ရောက်ကာ စပါးခင်းများဖျက်ဆီး  တိုက်ကြီးမြို့နယ် လူသန့်အင်းကျေးရွာအနီး ဆင်ဝင်ရောက်ကာ စပါးခင်းများဖျက်ဆီး Reviewed by THITHTOOLWIN on 07:39 Rating: 5
Powered by Blogger.