လားရှိုး-မူဆယ်ကားလမ်း ယာဉ် အစီး ၂၀၀၀ ခန့်ပိတ်


မူဆယ် ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး-မူဆယ် အဝေးပြေးကားလမ်း မိုင်တိုင်အမှတ် (၂၂၃) ကွတ်ခိုင် တိုးဂိတ်မှ မိုင်တိုင်အမှတ် (၂၄ဝ) နန့်ခိုင်တံတားအတွင်း မိုင်ပေါင်း ၁၇ မိုင်ခန့်တွင် ခရီးသည်တင်ယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များနှင့် ကုန်တင်ယာဉ် ကြီး စုစုပေါင်း အစီး ၂ဝဝဝ ခန့်တို့မှာ ဇန်နဝါရီ ၂၃ ရက်ကစ၍ လမ်းပိတ် လျက်ရှိသောကြောင့် ခရီးသွားပြည်သူ များနှင့် မော်တော်ယာဉ် ယာဉ်မောင်း၊ ယာဉ်အကူ ထောင်သောင်းမက တောင်ပေါ်ကားလမ်းပေါ်၌ သောင် တင်နေကြရကြောင်း သိရသည်။

လားရှိုးမြို့၊ ကွတ်ခိုင်မြို့နှင့် မူဆယ်မြို့နယ်ရှိ ယာဉ်ထိန်းရဲ အချို့နှင့် နယ်မြေခံရဲအချို့က လာရောက် ရှင်းလင်းပေးလျက်ရှိ သော်လည်းတစ်ဖာလုံ၊ နှစ်ဖာလုံသာ အများဆုံးတိုး၍ မောင်း၍ရသော်လည်း ပြန်ပိတ်မြဲဖြစ်သည်။ ကားလမ်းမကြီး မှာ လားရှိုးမှ မူဆယ်အထိ ၁၂ ပေ နှစ်လမ်းမောင်းကတ္တရာလမ်းသားနှင့် လမ်းတာပေါ်တစ်ဖက်၌ အနည်းဆုံး သုံးပေကျယ်ဝန်းသဖြင့် စုစုပေါင်း ကား လမ်းအကျယ်ပေ ၃ဝ အထက်ရှိသော်လည်း ယာဉ်မောင်းများ မဆင်မခြင် လုမောင်းကျော်တက်ပြုလုပ်နေကြသဖြင့် လမ်းများပိတ်ရခြင်း ဖြစ်သည်။

ထို့ကြောင့် ကားများပိတ်ဆို့မှုကို ယာဉ်ထိန်းရဲ အင်အားများများနှင့် အမြန်ဆုံး လာရောက်ရှင်းလင်းပေးမှုကို ခရီးသွားပြည်သူများက စောင့်စား လျက်ရှိကြောင်း သိရသည်။

ခရမ်းစိုးမြင့်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
လားရှိုး-မူဆယ်ကားလမ်း ယာဉ် အစီး ၂၀၀၀ ခန့်ပိတ်  လားရှိုး-မူဆယ်ကားလမ်း ယာဉ် အစီး ၂၀၀၀ ခန့်ပိတ် Reviewed by THITHTOOLWIN on 10:25 Rating: 5
Powered by Blogger.