မလေးရှား ၀န်ကြီးချုပ်က ဆော်ဒီဘုရင်မိသားစုထံမှ ဒေါ်လာ ၆၈၁ သန်း လက်ခံခြင်း အပြစ်မရှိဟု ရှေ့နေချုပ် ပြော


ဆော်ဒီတော်ဝင်မိသားစုမှ မလေးရှားဝန်ကြီးချုပ် နာဂျစရာဇတ်၏ ဘဏ်စာရင်းထဲသို့ ဒေါ်လာ ၆၈၁ သန်းလွှဲခြင်းမှာ မေတ္တာလက်ဆောင်အဖြစ် ပေးခြင်းသာဖြစ်ပြီး အကျင့်ပျက်လာဘ်စားမှုသော်လည်းကောင်း၊ ရာဇ၀တ်ပြစ်မှုသော်လည်းကောင်း တစုံတရာ ကျုးလွန်ခြင်းမရှိကြောင်း မလေးရှား ရှေ့နေချုပ်က ဇန်န၀ါရီ ၂၆ ရက်က ပြောသည်။

“ဒီငွေတွေဟာ လာဘ်ပေးလာဘ်ယူကိစ္စနဲ့ ကင်းရှင်းကြောင်း တွေ့ရှိချက်အပေါ် ကျေနပ်မှုရှိပါတယ်။ ဘာကြောင့် ဒီငွေတွေ ပေးသလဲဆိုတာ မသိရဘူး။ ဒါဟာ ၀န်ကြီးချုပ် နာဂျစ်၊ ဆော်ဒီမိသားစုတို့နဲ့သာ သက်ဆိုင်ပါတယ်”ဟု ရှေ့နေချုပ် မိုဟာမက်အာပန်ဒီအလီ က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

မလေးရှားနိုင်ငံ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအေဂျင်စီသို့ သတင်းပေးချက်နှင့်ပတ်သက်ပြီး ပြုလုပ်ခဲ့သော စုံစမ်းစစ်ဆေးမှု သုံးခုနှင့်ပတ်သက်၍ ပြစ်မှု တစုံတရာ ကျုးလွန်းခြင်း မရှိကြောင်းတွေ့ရှိခဲ့ရပြီး ဆက်လက်စုံစမ်းမှု ပြုလုပ်တော့မည်မဟုတ်ကြောင်း ၎င်းက ပြောသည်။ ယင်းအပြင် အဆိုပါ ငွေများအနက် အသုံးမပြုဘဲကျန်ရှိသည်ဆိုသော ဒေါ်လာ သန်း ၆၂၀ ကို ၀န်ကြီးချုပ် နာဂျစ်က ဆော်ဒီမိသားစုထံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

မလေးရှားအစိုးရပိုင် 1MDB ရင်နှီးမြှပ်နှံမှုကုမ္ဗဏီသည် ဒေါ်လာ ဘီလီယံနှင့်ချီ၍ အကြွေးတင်နေသည်ဆိုသော သတင်းနှင့်အတူ လွန်ခဲ့သော ဇူလိုင်လက ထွက်ပေါ်လာသော အဆိုပါ ငွေလှူဒါန်းမှုသတင်းကြောင့် ၀န်းကြီးချုပ်နာဂျစ် အပြင်းအထန် ဝေဖန်ခံရလျက်ရှိသည်။ ယင်သို့ အကြီးအကျယ် စွပ်စွဲပြစ်တင်ခံနေရသော်လည်း မလေးရှား ၀န်ကြီးချုပ် နာဂျစ်ရာဇတ်က ၎င်းအနေနှင့် မည်သည့်အပြစ်မှ ကျုးလွန်ခဲ့ခြင်းမရှိကြောင်း ရာထူးမှနုတ်ထွက်ပေးရန် အကြောင်းမရှိကြောင်း ငြင်းဆိုထားသည်။

Ref;Al Jazeera
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မလေးရှား ၀န်ကြီးချုပ်က ဆော်ဒီဘုရင်မိသားစုထံမှ ဒေါ်လာ ၆၈၁ သန်း လက်ခံခြင်း အပြစ်မရှိဟု ရှေ့နေချုပ် ပြော  မလေးရှား ၀န်ကြီးချုပ်က ဆော်ဒီဘုရင်မိသားစုထံမှ ဒေါ်လာ ၆၈၁ သန်း လက်ခံခြင်း အပြစ်မရှိဟု ရှေ့နေချုပ် ပြော Reviewed by THITHTOOLWIN on 18:31 Rating: 5
Powered by Blogger.