ဇန်န၀ါရီ - ၂၆ - ၂၀၁၆
အအေးလှိုင်းဖြန်သန်းမှု ဂယက်ရိုက်ခတ်ခဲ့သည့် ထိုင်း-မြန်မာနယ်စပ်မဲတောက်တွင် အအေးဒဏ်ကြောင့် မဲဆောက်ချစ်ကြည်ရေးတံတားအနီးရှိ အလုပ်ရုံတခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမတဦးဖြစ်သည့် မစန္ဒာအေး (၃၀) နှစ် ယမန်နေ့ညနေပိုင်းက သေဆုံးသွားခဲ့သည်။
လက်ရှိမဲဆောက်တွင် ၁၄ ဒီဂရီစင်တီဂရိတ်တွင် ရှိနေသည့်အပြင် မိုးပါရွာနေသည့် အနေအထားများဖြစ်ပေါ်နေသည်။
နောက်ထပ်ရက်အနည်းငယ် အအေးပိုမည်ဖြစ်သောကြောင့် ပြည်သူများနွေးနွေးထွေးထွေးနေထိုင်ရန်နှင့်ကျန်းမာရေးကို အထူးဂရုစိုက်နေထိုင်ကြရန် တာဝန်ရှိသူများက မဲဆောက်တွင် အသိပေးကြေညာထားသည်။
တရုပ်နိုင်ငံတွင် ဆိုးရွားသည့် အအေးလှိုင်းဖြတ်သန်းမှုကြောင့် ဆက်စပ်လျှက်ရှိသည့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒေသအချို့ကိုပါ ဂယက်ရိုက်ခတ်ခြဲု့ခင်းဖြစ်သည်။
အဆိုပါဂယက်ရိုက်ခတ်မှုကြောင့် ထိုင်ဝမ်တွင်လည်း လူ ၈၅ ဦးသေဆုံးခဲ့သည်။
မန်း မျိုး မြင့်
သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ
https://www.facebook.com/knm.karen
ဆိုးရွားသည့် အအေးဒဏ်ကြောင့် မဲဆောက်တွင် မြန်မာအလုပ်သမတဦးသေဆုံး
Reviewed by THITHTOOLWIN
on
12:01
Rating: