ရှယ်ယာဈေးကျဆင်းမှုကြောင့် တရုတ်စတော့ဈေးကွက်ပိတ်

တရုတ်နိုင်ငံရဲ့ စတော့ဈေးကွက်ဟာ ၇ ရာခိုင်နှုန်းအထိ ထိုးဆင်းသွား
၂၀၁၆ နှစ်သစ်အတွင်း ငွေကြေးဈေးကွက် အရောင်းအ၀ယ် စတင်တဲ့ ပထမဆုံးရက် ဒီကနေ့မှာပဲ တရုတ်နိုင်ငံရဲ့ စတော့ဈေးကွက်ဟာ ၇ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားတာကြောင့် ရှန်ဟိုင်းနဲ့ ရှန်ဇန်း ငွေကြေးဈေးကွက်တွေမှာ အရေ င်းအ၀ယ် ရပ်ဆိုင်းသွားပါတယ်။

အရှေ့အလယ်ပိုင်းက ပဋိပက္ခတွေ အရှိန်မြင့်တက်လာတာနဲ့ ကမ္ဘာ့ ဒုတိယစီးပွားရေးအချက်အချာကြတဲ့ တရုတ်နိုင်ငံရဲ့ စက်မှုထုတ်ကုန်လုပ်ငန်းတွေ ကျဆင်းလာတာကြောင့် စတော့အရောင်းအ၀ယ် အခုလို ကျဆင်းတာဖြစ်တယ်ဆိုတဲ့ သုံးသပ်မှုတွေရှိနေပါတယ်။

ဂျပန် Nikei လည်း ၃ ရာခိုင်နှုန်းအထိကျဆင်းပြီး ဟောင်ကောင် Hang Seng လည်း ၂.၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားသလို ဥရောပငွေကြေးဈေးကွက်လည်း စဖွင့်ချိန်ကတည်းက ဈေးကျဆင်းနေတာပါ။

အရှေ့အလယ်ပိုင်းဒေသက ပဋိပက္ခတွေ၊ ဆော်ဒီအားရေးဘီးယားနဲ့ အီရန်အကြား တင်းမာမှုတွေရှိလာတာကြောင့် ဒီကနေ့မှာ ရေနံဈေးတက်လာပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ရှယ်ယာဈေးကျဆင်းမှုကြောင့် တရုတ်စတော့ဈေးကွက်ပိတ်  ရှယ်ယာဈေးကျဆင်းမှုကြောင့် တရုတ်စတော့ဈေးကွက်ပိတ် Reviewed by THITHTOOLWIN on 18:56 Rating: 5
Powered by Blogger.